International Celebrity: လူဝီစီယားနားရေဘေးအတွက် အလှူခံနေတဲ့ ဘရစ်တနေစပီးယားစ်

ဘရစ်တနေဟာ လူဝီစီယားနားမှာ ကြီးပြင်းခဲ့သူပီပီ နယ်ခံတွေရဲ့ဒုက္ခကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။

play

 

ပေါ့ပ်ကြယ်ပွင့် ဘရစ်တနေစပီးယားစ်ဟာ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားရေဘေးသင့်ပြည်သူတွေအတွက် သူမရဲ့လူမှုကွန်ရက်အကောင့်တွေကတစ်ဆင့် အလှူခံနေပါတယ်။

play

 

CrowdRise အဖွဲ့နဲ့အတူ ပူးပေါင်းပြီး အလှူငွေရှာဖွေပေးတာပါ။ CrowdRise ဝက်ဘ်ဆိုက်မှာ ၁၀ ဒေါ်လာ လှူဒါန်းသူတိုင်းကို သူမရဲ့ပွဲတက်ဝတ်စုံ မဲဖောက်ပေးမယ့်အပြင် နယူးယောက်ခ်မှာပြုလုပ်မယ့် 2016 MTV VMAs ဆုပေးပွဲကို သူမနဲ့အတူပွဲတက်ခွင့် မဲဖောက်ပေးသွားမယ်လို့ ဘရစ်တနေရဲ့တွစ်တာပေါ်မှာ ရေးထားပါတယ်။

play

 

ဘရစ်တနေရဲ့ Glory အယ်လ်ဘမ်သစ်ကို ၂၆ ရက်နေ့မှာ စတင်ဖြန့်ချိဖို့ ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ