International Celebrity: အနုပညာကြေး ဝင်ငွေအမြင့်ဆုံး မင်းသမီး ဂျနီဖာလောရင့်စ်

ဂျနီဖာလောရင့်စ်က တစ်နှစ်အတွင်း အနုပညာကြေး ဝင်ငွေအကောင်းဆုံးအဖြစ် ၂ နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

play
ဂျနီဖာလောရင့်စ်


မင်းသမီး ဂျနီဖာလောရင့်စ်က တစ်နှစ်အတွင်း အနုပညာကြေး ဝင်ငွေအကောင်းဆုံးအဖြစ် ၂ နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း Forbes မဂ္ဂဇင်းက ယနေ့ (သြဂုတ် ၂၃ ရက်) မှာ ထုတ်ပြန်ပါတယ်။

play
မယ်လီဆာမက္ကာသီ


Hunger Games စတား မင်းသမီးရဲ့နောက်မှာ မယ်လီဆာမက္ကာသီနဲ့ စကားလက်ဂျိုဟန်ဆိုတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

play
စကားလက်ဂျိုဟန်ဆန်


ဂျနီဖာလောရင့်စ်ဟာ အခွန်မပေးဆောင်ရသေးမီ တစ်နှစ်အတွင်း အနုပညာကြေးဝင်ငွေ အမေရိကန်ဒေါ်လာ ၄၆ သန်းရရှိခဲ့ပြီး ဝင်ငွေအမြင့်ဆုံး မင်းသမီးအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

play
ဂျနီဖာအနစ္စတန်


ဂျနီဖာလောရင့်စ်ရဲ့ ယခုနှစ် ဝင်ငွေဟာ ယခင်တစ်နှစ်ကထက် ၁၁.၅ ရာခိုင်နှုန်း လျော့ကျခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

play
ဖန်ဘင်ဘင်း

 
ဝင်ငွေအမြင့်ဆုံး ဒုတိယနေရာမှ မက္ကာသီက အမေရိကန်ဒေါ်လာ ၃၃ သန်း ရရှိခဲ့ကာ ယခင်နှစ်ကထက် ဒေါ်လာ ၁၀ သန်း တိုးမြင်လာပါတယ်။

play
ချားလိစ်သီရွှန်


မက္ကာသီက Ghostbusters ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပြီး ဝင်ငွေကောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

play
အေမီအဒမ်စ်


တတိယနေရာမှာ ရပ်တည်နေတဲ့ စကားလက်ဂျိုဟန်ဆန်က အမေရိကန်ဒေါ်လာ ၂၅ သန်း ရရှိခဲ့ပြီး ယခင်ထက် ၃၀ ရာခိုင်နှုန်း ဝင်ငွေလျော့ကျခဲ့ကြောင်း သိရပါတယ်။

play
ဂျိုလီယာရောဘတ်စ်

 
အနုပညာကြေးဝင်ငွေ အကောင်းဆုံး ထိပ်တန်း ၁၀ ဦးစာရင်းဝင် မင်းသမီးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဂျနီဖာလောရင့်စ် - အမေရိကန်ဒေါ်လာ ၄၆ သန်း
၂။ မယ်လီဆာမက္ကာသီ - အမေရိကန်ဒေါ်လာ ၃၃ သန်း
၃။ စကားလက်ဂျိုဟန်ဆန် - အမေရိကန်ဒေါ်လာ ၂၅ သန်း
၎။ ဂျနီဖာအနစ္စတန် - အမေရိကန်ဒေါ်လာ ၂၁ သန်း
၅။ ဖန်ဘင်ဘင်း - အမေရိကန်ဒေါ်လာ ၁၇ သန်း
၆။ ချားလိစ်သီရွှန် - အမေရိကန်ဒေါ်လာ ၁၆.၅ သန်း
၇။ အေမီအဒမ်စ် - အမေရိကန်ဒေါ်လာ ၁၃.၅ သန်း
၈။ ဂျူလီယာရောဘတ်စ် - အမေရိကန်ဒေါ်လာ ၁၂ သန်း
၉။ မီလာကူးနစ် - အမေရိကန်ဒေါ်လာ ၁၁ သန်း
၁၀။ ဒီပီကာပက်ဒူကိုနီ - အမေရိကန်ဒေါ်လာ ၁၀ သန်း

play
မီလာကူးနစ်


Forbes က ယခု ထုတ်ပြန်လိုက်တဲ့ စာရင်းမှာ ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်မှ ယခုနှစ် ဇွန်လ ၁ ရက်အထိ အခွန်အခများ မပေးဆောင်ရသေးမီ
အနုပညာကြေး ဝင်ငွေပမာဏများကို အခြေခံထားခြင်း ဖြစ်ပါတယ်။

play
ဒီပီကာပက်ဒူကိုနီ


ယခုစာရင်းမှာ ပါဝင်တဲ့ အိန္ဒိယမင်းသမီး ဒီပီကာပက်ဒူကိုနီဟာ ဝင်ငွေအမြင့်ဆုံး ထိပ်တန်း ၁၀ ဦးစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တဲ့ မင်းသမီးဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ