International Celebrity: ကမ်းစပ်မှာ ရေကူးဝတ်စုံနဲ့ကြော်ငြာရိုက်တဲ့ အက်ဘီကလန်စီ

ကလေးနှစ်ယောက်မိခင်ပေမယ့် တစ်သားမွေးပြီး တစ်သွေးလှနေသူလေးပါ။

play

 

မျက်နှာလှရုံသာမက ကိုယ်ခန္ဓာကပါ စွဲမက်ဖွယ်ရာကောင်းသူအဖြစ် ကျော်ကြားတဲ့ အက်ဘီကလန်စီက မော်လော်ကာကမ်းခြေမှာ ရေကူးဝတ်စုံလေးနဲ့ ကြော်ငြာရိုက်ကူးလိုက်ပြန်ပါတယ်။

play

 

Melissa Odabash အမှတ်တံဆိပ် ကြေးနီရောင်ရေကူးဝတ်စုံလေးရဲ့ ကြိုးတွေကသူမကို ရစ်ပတ်နှောင်တွယ်ထားပြီး ဆံပင်အရောင်တွေနဲ့လိုက်ဖက်ညီစွာ လှပနေပါတယ်။ စတုတ်စီးတီးကစားသမား ပီတာခရော့ရဲ့ဇနီးသည် အက်ဘီဟာ ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ အလန်းစားဇနီးသည်တွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

play

 

နောက်ဝတ်စုံတစ်မျိုးကတော့ ခန္ဓာကိုယ်အလှကို အတိအကျပေါ်လွင်စေမယ့် အနက်ရောင် ရေကူးဝတ်စုံပါ။ ကျောက်တုံးတွေပေါ် ခပ်နွဲ့နွဲ့မှီရင်း ကြည့်နေပုံက ရင်ဖိုစရာကောင်းလွန်းပါတယ်။

Source : MailOnline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ