International Celebrity: လိမ္မာတဲ့ အမြွှာသားလေးနှစ်ယောက်ရထားတဲ့ ခရစ္စဟမ်းဆွက်သ်

အသက် ၂ နှစ်သာ ရှိကြသေးပေမဲ့ အားကိုးရပါတယ်။

play

 

Thor ဇာတ်ကားထဲမှာ သရုပ်ဆောင်ရတာ ပင်ပန်းနေမယ့် ခရစ္စဟမ်းဆွက်သ်အတွက် ကင်မရာရှေ့မှာ တက်ကြွလန်းဆန်းနေဖို့ မနက်တိုင်း ကော်ဖီသောက်ဖို့ လိုအပ်ပါတယ်။

play

 

ကံကောင်းလှတဲ့ ခရစ္စဟမ်းဆွက်သ်ဟာ မနက်တိုင်း သူ့ကို ကော်ဖီတိုက်ပေးမယ့် ချစ်စဖွယ် လက်ထောက်လေး နှစ်ယောက်ရှိနေပါတယ်။ သူတို့ကတော့ ထရီစတန်နဲ့ ဆာရှာလို့ခေါ်တဲ့ ၂ နှစ်အရွယ် အမြွှာသားလေးနှစ်ယောက်ပါပဲ။

play

 

ဟောလိဝုဒ်မင်းသား ခရစ္စဟမ်းဆွက်သ်ရဲ့ဇနီး အယ်လ်ဆာပါတာကီဟာ ခင်ပွန်းဖြစ်သူကို သားလေးတစ်ယောက်က ကော်ဖီတိုက်နေပုံကို ချစ်စဖွယ် ဓာတ်ပုံလေးတစ်ပုံကို သြဂုတ်လ ၂၂ ရက်မှာ အင်စတာဂရမ်ကနေ မျှဝေခဲ့ပါတယ်။

"ထရီစတန်က သူ့ပါပါကို မနက်ပိုင်း ကော်ဖီတိုက်နေတာ" လို့ သူမက ပုံအောက်မှာ ရေးထားပါတယ်။

play

 

ခရစ္စဟမ်းဆွက်သ်ဟာ စပိန်မင်းသမီး အယ်လ်ဆာပါတာကီနဲ့ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့တာ ဖြစ်ပြီး အင်ဒီးယားရို့စ်ဆိုတဲ့ လေးနှစ်အရွယ် သမီးလေး တစ်ဦးနဲ့ နှစ်နှစ်အရွယ် အမြွှာသားလေးနှစ်ဦး ရှိပါတယ်။

Source & Photos : eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ