International Celebrity: ဘီယွန်းဆေးသီချင်းဖွင့်လို့ လက်ပ်တော့ကို ပြတင်းပေါက်လွှင့်ပစ်လိုက်တဲ့ မရိုင်ယာကာရီ

ရိုမန့်တစ်ဆန်တဲ့ အနေအထားလေး ဖန်တီးလိုက်တာ အခြေအနေက ဆိုးရွားသွားပါတယ်။

play

 

ခင်ပွန်းလောင်း ဂျိမ်းစ်ပက်ကာ ဘီယွန်းဆေးရဲ့သီချင်းကို လက်ပ်တော့နဲ့ဖွင့်ထားစဉ်မှာ မရိုင်ယာကာရီက လက်ပ်တော့ကိုဆွဲယူပြီး ပြတင်းပေါက်ကနေ လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့လက ဂျိမ်းစ်ဟာ ဘီယွန်းဆေးရဲ့ Crazy in Love သီချင်းကိုဖွင့်ပြီး မရိုင်ယာကာရီနဲ့ ချစ်ရေးချစ်ရာအခြေအနေလေး ဖန်တီးဖို့ ကြိုးစားခဲ့တုန်း ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ မရိုင်ယာကာရီက စိတ်ဆိုးပြီး လက်ပ်တော့ကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တယ်လို့ အတွင်းလူတစ်ဦးက ပြောပြခဲ့ပါတယ်။ ဒါတင်မက အခန်းထဲကနေပါ အော်ဟစ်ပြီးထွက်သွားခဲ့တယ်လို့လည်း ယင်းအတွင်းလူက ပြောပါသေးတယ်။

play

 

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဝိုင်ခွက်လေးကိုယ်စီနဲ့ ပြန်ပြေလည်သွားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ