International Celebrity: သမီးနဲ့ ဆက်ဆံရေးပြန်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နီကိုးကစ်မင်း

, updated

နီကိုးကစ်မင်းဟာ တွမ်ခရုစ်နဲ့ လက်ထပ်စဉ်က ဘယ်လာခရုစ်ကို မွေးစားခဲ့တာပါ။

play

 

နီကိုးကစ်မင်းဟာ မွေးစားသမီးနဲ့သားဖြစ်တဲ့ ဘယ်လာနဲ့ ကွန်နာတို့နဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အတွက် နှစ်ပေါင်းများစွာ စိတ်သောကရောက်ခဲ့ရသူပါ။

အခုတော့ နီကိုးနဲ့ အသက် ၂၃ နှစ်အရွယ် ဘယ်လာဟာ ယူကေမှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး သူမရဲ့ခင်ပွန်းနဲ့ မိခင်ကို မိတ်ဆက်ပေးခဲံတယ်လို့သိရပါတယ်။

play

 

"အားလုံးအတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့အချိန်ပါပဲ။ အထူးသဖြင့် နီကိုးအတွက်ပေါ့" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

တွေ့ဆုံပြီး သိပ်မကြာခင်မှာ နီကိုးဟာ မျက်ရည်ကျခဲ့ပြီး ဘယ်လာလည်း ငိုခဲ့တယ်လို့ သိရပါတယ်။

နီကိုးဟာ သူမနဲ့ သမီးကြားက ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေပြီး သူမလိုချင်တာက သားအမိနှစ်ယောက် တစ်ခါတလေ တွေ့ဆုံခွင့်ရဖို့ပဲလို့ ဆိုပါတယ်။

play

 

နီကိုးနဲ့ တွမ်ခရုစ်ဟာ ၁၉၉၂ ခုနှစ်မှာ ဘယ်လာကို မွေးစားခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ကွန်နာဆိုတဲ့ သားတစ်ယောက်ကို မွေးစားခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှာ ကွာရှင်းပြတ်စဲသွားခဲ့ကြပါတယ်။

ကလေးနှစ်ယောက်စလုံးဟာ ဖခင်ဖြစ်သူ တွမ်ခရုစ်နဲ့အတူ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ