စူပါမော်ဒယ်တွေဖြစ်တဲ့ ဂျီဂျီဟက်ဒီးနဲ့ ဘယ်လာဟက်ဒီးတို့ဟာ ဆက်စီကျကျ ဝတ်ဆင်လို့ သူတို့ရဲ့ အကြိုက်ဆုံးစားသောက်ဆိုင်တစ်ခုဖြစ်တဲ့ West Hollywood က The Nice Guy ကို သွားခဲ့ကြပါတယ်။
အသက် ၁၉ နှစ်အရွယ် ဘယ်လာဟာ တစ်ကိုယ်လုံး အနက်ရောင်ဆင်မြန်းလို့ ဆက်စီကျကျ ဝတ်ဆင်ထားပါတယ်။
အသက် ၂၁ နှစ်အရွယ် ဂျီဂျီဟက်ဒီးကတော့ ဂျင်းဘောင်းဘီရှည်လေးနဲ့ ကိုယ်ကျပ် Crop Top လေးကို တွဲဖက်ဝတ်ဆင်လို့ သူမရဲ့အလှကို ဖော်ပြထားပါတယ်။
ကိုယ်စီအလှတွေကို အပြိုင်အဆိုင်ဖော်ပြထားတဲ့ ညီအစ်မနှစ်ယောက်စလုံးဟာ ဆံပင်ကိုတော့ နှစ်ယောက်စလုံးဆင်တူ အုံလုံးသိမ်းကာ နောက်ဘက်မှာ စုချည်ထားပါတယ်။
Source & Photos : Daily Mail