International Celebrity: ငါးနှစ်တွဲခဲ့တဲ့ ရည်းစားနဲ့ ကွဲသွားတဲ့ ဂျနီဖာလိုးပက်စ်

အေးအေးဆေးဆေးပဲ လမ်းခွဲလိုက်ကြတယ်လို့ သိရပါတယ်။

play

 

အသက် ၄၇ နှစ်အရွယ် ဂျနီဖာလိုးပက်စ်နဲ့ အသက် ၂၉ နှစ်အရွယ် ကက်စပါစမတ်တို့ဟာ ငါးနှစ်ကြာခဲ့တဲ့ သူတို့ရဲ့အချစ်ရေးကို အဆုံးသတ်လိုက်ပါပြီ။

play

 

ပေါ့စတားလည်းဖြစ် ဟောလိဝုဒ်မင်းသမီးလည်းဖြစ်တဲ့ ဂျေလိုနဲ့ အကသမား ကက်စပါတို့ဟာ ၂၀၁၁ ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ ခဏတာ ကွဲကွာခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ လမ်းခွဲလိုက်ကြပေမဲ့ သူငယ်ချင်းတွေအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ သြဂုတ်လ ၂၄ ရက်မှာ သူတို့ရဲ့အတွင်းလူတစ်ဦးက ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

ဂျေလိုနဲ့ သူမချစ်သူ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် ယင်းဆုံးဖြတ်ချက်ကို ချခဲ့သူဟာ ဂျေလိုဖြစ်တယ်လို့ TMZ က ရေးသားခဲ့ပါတယ်။

play

 

ဂျေလိုဟာ မာ့ခ်အန်တိုနီနဲ့ လက်ထပ်ဖူးပြီး အမြွှာနှစ်ယောက်ဖြစ်တဲ့ ၈ နှစ်အရွယ် သားနဲ့သမီး ရှိပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ