International Celebrity: ဘီကီနီဓာတ်ပုံသစ်တွေ ထုတ်ပြလိုက်တဲ့ ကိုင်လီဂျန်နာ

သူမရဲ့မွေးနေ့တုန်းက ကမ်းခြေမှာ ရိုက်ခဲ့တဲ့ ပုံတွေပါ။

play

 

ကိုင်လီဂျန်နာဟာ သြဂုတ်လ ၁၀ ရက်မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ အသက် ၁၉ နှစ်ပြည့်မွေးနေ့ကို Turks and Caicos ကျွန်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

play

 

သူမရဲ့ မွေးနေ့ကျင်းပစဉ်ရက်တွေမှာ ဓာတ်ပုံတွေ အများကြီး ထွက်လာခဲ့ပေမဲ့ ပရိသတ်တွေ မကြည့်ရသေးတဲ့ ဓာတ်ပုံသစ်တွေကို ကိုင်လီက ထပ်မံထုတ်ပြလိုက်ပြန်ပါတယ်။

မွေးနေ့မရောက်ခင် သြဂုတ်လ ၁ ရက်ကတည်းက မွေးနေ့အတွက် တက်ကြွခဲ့တဲ့ ကိုင်လီဟာ မွေးနေ့ပြီးသွားပေမဲ့လည်း ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ကျင်းပရတဲ့ မွေးနေ့ကို တသသဖြစ်နေသေးပုံပါပဲ။

play

 

ကမ်းခြေကြီးကို နောက်ခံထားလို့ သူမရဲ့ လှပတဲ့ သူငယ်ချင်းမတွေ အတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူမရဲ့ဝက်ဆိုက်ဒ်ကနေ ပြသခဲ့တာ ဖြစ်ပါတယ်။

play

 

"Turks and Caicos ကို သွားခဲ့တဲ့ ကျွန်မရဲ့၁၉ နှစ်ပြည့်မွေးနေ့က တကယ့်ကို ပျော်စရာအတိပါပဲ။ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ရော ကန်ဒဲလ်နဲ့ပါ ကုန်ဆုံးခဲ့ရတဲ့ ပျော်စရာအကောင်းဆုံးအခိုက်အတန့်လေးပါပဲ" လို့ သူမက ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ