International Celebrity: မန်ယူဂိုးသမားဟောင်းနှင့် ကွာရှင်းတော့မည် ရုပ်သံသရုပ်ဆောင်

အိမ်ထောင်သက်တမ်း ၂ နှစ်ကြာမြင့်ပြီးနောက် ကွာရှင်းကြတော့မှာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်း ဂိုးသမားဟောင်း လင်ဒီဂတ်ဟာ သူ့ရဲ့နှစ်နှစ်သက်တမ်းရှိတဲ့ အိမ်ထောင်ရေးကို အဆုံးသတ်တော့မှာဖြစ်ကြောင်း သိရပါတယ်။

play
play

 

လက်ရှိမှာ ပရက်စ္စတန်နောက်သမ့်အသင်းမှာ ကစားနေတဲ့ လင်ဒီဂတ်ဟာ ရုပ်သံသရုပ်ဆောင် ဆွီဒင်-အယ်ဘေးနီးယား နွယ်ဖွား ဘီကီရီနဲ့ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက လက်ထပ်ခဲ့တာဖြစ်ပါတယ်။

play

 

သူတို့နှစ်ဦးမှာ  လက်ရှိအချိန် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း မွေးဖွားထားပါတယ်။ သူတို့နှစ်ဦးသဘောတူ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ နှစ်ဦးလုံးအတွက် အရေးကြီးတာက သူတို့သားငယ်ကို ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

လင်ဒီဂတ်ဟာ မန်ယူအသင်းမှာ နေရာမရခဲ့တဲ့အတွက် ဝက်စ်ဘရွန်းအသင်းကို ပြောင်းခဲ့ပေမယ့်လည်း နေရာမရခဲ့ပြန်ပါဘူး။ အဲဒီကြောင့် ချန်ပီယံရှစ်ကလပ် ပရက်စ္စတန်ကို ပြောင်းရွှေ့ခဲ့တာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ