International Celebrity: လူမမာကလေးတွေထံ အလည်သွားတဲ့ ခရစ္စဟမ်းဆွက်သ်နဲ့တွမ်ဟစ်ဒယ်လ်စတန်

ခရစ္စဆိုရင် သံတူကြီးကိုတောင် သယ်သွားခဲ့ပါတယ်။

play

 

သြစတြေးလျမှာ ရိုက်ကူးနေတဲ့ Thor တတိယမြောက်ဇာတ်ကားရဲ့ ရိုက်ကူးရေးနားချိန်မှာ အဓိကသရုပ်ဆောင်နှစ်ဦးက နာမကျန်းဖြစ်နေတဲ့ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

play

 

ဘရစ္စဘိန်းမြို့က Lady Cilento ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ပုံတွေကို ခရစ္စဟမ်းဆွက်သ်က တွစ်တာနဲ့ အင်စတာဂရမ်ပေါ် တင်ခဲ့တာပါ။ ရိုက်ကူးရေးလုပ်နေတဲ့ ဆံပင်ရှည်တွေကိုမဖြုတ်ဘဲ ကလေးတွေနဲ့ တွေ့ဆုံအားပေးခဲ့တာဖြစ်ပါတယ်။ ခရစ္စဆိုရင် သူ့ရဲ့ Thor ဇာတ်ကားမှာပါဝင်တဲ့ သံတူကြီးကိုတောင် သယ်သွားပါသေးတယ်။

play

 

ကြိုတင်ပြောကြားထားခြင်းမရှိဘဲ ရုတ်တရက်ရောက်လာတဲ့ နာမည်ကျော်စူပါဟီးရိုးတွေကြောင့် ကလေးတွေသာမက လူနာရှင်မိသားစုဝင်တွေပါအံ့သြပျော်ရွှင်ခဲ့ကြပါတယ်။ ဓာတ်ပုံအတူတွဲရိုက်ခဲ့ရသူတွေကလည်း လူမှုကွန်ရက်တွေပေါ်မှာ ပုံတွေတင်ထားတာကို တွေ့ရပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ