International Celebrity: ဂေါင်ယူနဲ့လီဒေါင်ဝတ်တို့ရဲ့ဇာတ်ကားမှာပါဝင်မယ့် ယူအင်နာ

Descendants of the Sun စာရေးဆရာမကပဲ ရေးသားခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။

play

 

တောင်ကိုရီးယားအကျော်အမော်မင်းသားတွေဖြစ်တဲ့ ဂေါင်ယူးနဲ့ လီဒေါင်ဝတ်တို့ အပြိုင်သရုပ်ဆောင်ကြမယ့်ဇာတ်ကားမှာ မင်းသမီးလေး ယူအင်နာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

Goblin လို့ ယာယီအမည်ပေးထားတဲ့ ဒီဇာတ်ကားကို Descendants of the Sun စာရေးဆရာမကပဲ ရေးသားခဲ့တာဖြစ်ပါတယ်။ ဂေါင်ယူးနဲ့ လီဒေါင်ဝတ်အပြင် ကင်ဂိုအွန်းလည်း ပါဝင်ဦးမှာပါ။

play

 

Goblin ဆိုတဲ့အမျိုးသားတစ်ဦးရဲ့ဇာတ်အကြောင်းကို အခြေပြုရိုက်ကူးထားတာဖြစ်ပြီး ဂေါင်ယူးက အဓိကသရုပ်ဆောင်ရမှာဖြစ်ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ