International Celebrity: အနုပညာကြေးဝင်ငွေအမြင့်ဆုံး မင်းသားကြီးဒွိန်းဂျွန်ဆင်

, updated

အနုပညာကြေးဝင်ငွေ အများဆုံးရသူ အမျိုးသားသရုပ်ဆောင်(၁၀) ဦးစာရင်းမှာ ဘောလိဝုဒ်မင်းသားနှစ်လက်လည်း ပါဝင်နေပါတယ်။

play

 

ကမ္ဘာတစ်ဝန်းက အနုပညာရှင်တွေရဲ့ သရုပ်ဆောင်ကြေးဝင်ငွေတွေကို Forbes က ထုတ်ပြန်ကြေညာရာမှာ မင်းသားကြီး ဒွိန်းဂျွန်ဆင်(The Rock)က ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင် ဖြစ်လာပါတယ်။ ယမန်နှစ်အတွင်း ဒွိန်းဂျွန်ဆင်ရဲ့ အနုပညာကြေးဝင်ငွေဟာ ဒေါ်လာ ၆၄.၅ သန်းတောင် ရှိခဲ့တာပါ။ Fast & Furious 7 မှာ ပါဝင်ခဲ့စဉ် သရုပ်ဆောင်ကြေးကလည်း ဒွိန်းရဲ့ဝင်ငွေကို ပိုမိုများပြားစေခဲ့ပါတယ်။

play

 

အသက် ၄၄ နှစ်အရွယ် နပန်းသမားဟောင်းကြီး The Rock ဟာ ဟောလိဝုဒ်ရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသား ရောဘတ်ဒေါင်းနေးဂျူနီယာကို ကျော်လွန်ကာ Forbes ရဲ့ အနုပညာကြေးအမြင့်ဆုံးစာရင်းကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ရောဘတ်ဒေါင်းနေးဟာ ဟောလိဝုဒ်ရဲ့ အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်အဖြစ် သုံးနှစ်ဆက်တိုက်ရပ်တည်ခဲ့တာပါ။

play

 

အနုပညာကြေးဝင်ငွေ အများဆုံးရသူ အမျိုးသားသရုပ်ဆောင်(၁၀) ဦး

၁။ ဒွိန်းဂျွန်ဆင် - ဒေါ်လာ ၆၄.၅ သန်း

၂။ ဂျက်ကီချန်း - ဒေါ်လာ ၆၁ သန်း

၃။ မတ်ဒေမွန် - ဒေါ်လာ ၅၅ သန်း

၎။ တွမ်ခရုဇ် - ဒေါ်လာ ၅၃ သန်း

၅။ ဂျွန်နီဒပ် - ဒေါ်လာ ၄၈ သန်း

၆။ ဘန်အက်ဖလက် - ဒေါ်လာ ၄၃ သန်း

၇။ ဗင်ဒီဇယ် - ဒေါ်လာ ၃၅ သန်း

၈။ ရှရွတ်ခန် - ဒေါ်လာ ၃၃ သန်း

၈။ ရောဘတ်ဒေါင်းနေးဂျူနီယာ - ဒေါ်လာ ၃၃ သန်း

၁၀။ အက်ရှေကူးမား - ဒေါ်လာ ၃၁.၅ သန်း

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ