play

 

အပြိုင်အဆိုင်များပြီး ရပ်တည်ဖို့ ခက်ခဲလှတဲ့ ဂီတလောကထဲမှာ စိတ်ပုံမှန်ဖြစ်နေစေဖို့အတွက် ကုထုံးဆက်ရှင်တွေကို ပုံမှန်သွားတယ်လို့ ကေတီပယ်ရီက ဖွင့်ဟပြောပြခဲ့ပါတယ်။

play

 

"ကိုယ်မြတ်နိုးတဲ့ဘဝကို ဆုပ်ကိုင်ထားဖို့ဆိုတာ ဒုံးကျည်စီးနေရသလို ခံစားရပါတယ်။ အခု ကျွန်မက ကျွန်မမြတ်နိုးတဲ့ဘဝကို ဆုပ်ကိုင်မထားဘူး။ နောက်ပြီး ဘယ်လိုစီးရမယ်ဆိုတာ ကျွန်မ သင်ယူပြီးပါပြီ။ တငြိမ့်ငြိမ့်နဲ့ သဘောကျစရာကောင်းတယ်။ နေရာတိုင်းကို ကျွန်မဘာသာ မောင်းနှင်သွားတယ်။ ကျွန်မ အရမ်းကို ပုံမှန်ဖြစ်နေပါပြီ" လို့ ရေဒီယိုမေးမြန်းခန်းတစ်ခုကနေ ကေတီပယ်ရီက ပြောပြခဲ့ပါတယ်။

play

 

အသက် ၃၉ နှစ်အရွယ် ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွမ်းနဲ့ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပေမဲ့ ဆက်စီကျလွန်းတဲ့ သီချင်းတွေရေးဖို့အတွက် ခက်ခဲနေတယ်လို့ ကေတီပယ်ရီက ဝန်ခံခဲ့ပါတယ်။

play

 

"ဟိုတစ်နေ့က sex အကြောင်း သီချင်းရေးမယ်လို့ စဉ်းစားမိတယ်။ ရေးဖြစ်ပါတယ်။ အရမ်းလည်း မိုက်တယ်လို့ ထင်တယ်။ ကျွန်မမှာ ချစ်တင်းနှောမှုတွေ ရှိနေဆဲဆိုတော့ ကျွန်မရဲ့ ဘဝအတွေ့အကြုံတွေကို ရေးချင်မိလို့ပါ" လို့ သူမက ပွင့်ပွင့်လင်းလင်းပဲ ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video