International Celebrity: ဂျက်စတင်ဘီဘာရောက်လာပြီးနောက် မွေးနေ့မှာ အပျော်ကြီးပျော်နေတဲ့ ဆိုဖီယာရစ်ချီ

အစောပိုင်းမှာ ဂျေဘီကို မတွေ့တဲ့အတွက် ရောက်မလာခဲ့ဘူးလို့ ထင်ခဲ့ကြပါတယ်။

play

 

လန်ဒန်မှာ ကျင်းပတဲ့ V Festival ကိုသွားရောက်ရင်း ဗြိတိန်မော်ဒယ်တစ်ဦးနဲ့ တွဲနေခဲ့တဲ့ ဂျက်စတင်ဘီဘာဟာ အခုတော့ လော့ဆန်းဂျလိစ်ကို ပြန်ရောက်လို့ သူ့ရဲ့ရည်းစားလို့ နာမည်ထွက်နေတဲ့ ဆိုဖီယာရစ်ချီရဲ့ မွေးနေ့ပါတီကို တက်ရောက်ခဲ့ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ် ဂျေဘီဟာ West Hollywood က The Nice Guy စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ဆိုဖီယာရစ်ချီရဲ့ အသက် ၁၈ နှစ်ပြည့် မွေးနေ့ကို ရောက်လာခဲ့တာပါ။

play

 

အစပိုင်းမှာ အဲဒီပါတီပွဲကို ဂျေဘီ ရောက်မလာခဲ့ဘူးလို့ သတင်းတွေ ထွက်နေခဲ့ပေမဲ့ ပွဲပြီးမှ အတူထွက်လာတဲ့ သူတို့စုံတွဲကို မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

play

သြဂုတ်လ ၂၄ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်တဲ့ ဆိုဖီယာဟာ သူမရဲ့ မွေးနေ့ပွဲမှာ အပျော်ကြီးပျော်နေခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ