International Celebrity: ဝလွန်းလို့ အလှောင်ခံရတဲ့ မယ်လီဆာမက္ကာသီက ဒုတိယဝင်ငွေအများဆုံး မင်းသမီးဖြစ်နေ

သူမဟာ ဟောလိဝုဒ်ရဲ့ လူကြိုက်အများဆုံး ဟာသသရုပ်ဆောင်ဖြစ်ပါတယ်။

play

 

၂၀၁၃ ခုနှစ်က Identity Thief ဟာသကားနဲ့ လူကြိုက်များခဲ့တဲ့ မယ်လီဆာမက္ကာသီဟာ ခန္ဓာကိုယ်ကြီးမားလှတဲ့အတွက် အလှောင်ပြောင်ခံရသူပါ။

play

 

အခုတော့ သူမဟာ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၃၃ နဲ့ ဒုတိယဝင်ငွေအများဆုံး မင်းသမီးအဖြစ် Forbes မဂ္ဂဇင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

ဂျနီဖာလောရန့်စ်က ဝင်ငွေ ဒေါ်လာ ၄၆ သန်းနဲ့ သူမထက် ဝင်ငွေကောင်းခဲ့ပေမဲ့ စကားလက်ဂျိုဟန်ဆန်ထက်တော့ မယ်လီဆာက ဝင်ငွေပိုကောင်းနေပါတယ်။

ဒီနေ့ (သြဂုတ်လ ၂၆ ရက်) မှာ ၄၆ နှစ်ပြည့်သွားတဲ့ ကလေးနှစ်ယောက်မိခင် မယ်လီဆာဟာ သူမရဲ့ခန္ဓာကိုယ်အပေါ်လည်း ယုံကြည်မှု အပြည့်ရှိသူပါ။

play
ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဘန်ဖယ်လ်ကွန်နဲ့အတူ

 

"ကျွန်မရဲ့ကိုယ်အလေးချိန် ဟုတ်လား။ ဒီအတိုင်းပဲလေ။ ကျွန်မ ပြောင်းလဲဖို့လိုတယ်လို့ တစ်ခါမှ မခံစားမိဘူး။ ထူးခြားချင်တယ်ဆိုရင် ထူးခြားမှုတစ်ခုကို ရွေးပါလို့ အမြဲပဲ ကျွန်မတွေးတယ်" လို့ သူမက ယုံကြည်မှုရှိရှိ ပြောကြားခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ