International Celebrity: အဒဲလ်နဲ့ ရီဟားနားတို့ ရှိုးပွဲထက် ဈေးကြီးနေတဲ့ ကေတီပရိုက်စ်ရဲ့ပွဲ

နာမည်ကြီးအဆိုတော်တွေရဲ့ ရှိုးပွဲထက်တောင် ဈေးကြီးနေတဲ့အတွက် ပရိသတ်က ဒေါသထွက်နေပါတယ်။

play

 

အဒဲလ်နဲ့ ရီဟားနားအပါအဝင် နာမည်ကြီးအဆိုတော်တွေရဲ့ ရှိုးပွဲလက်မှတ်ဈေးထက် ကေတီပရိုက်စ်ရဲ့ ဟောပြောပွဲလက်မှတ်က ဈေးကြီးနေတာကို သိလိုက်ရချိန်မှာ ပရိသတ်က မကျေမနပ်ပြောဆိုလာကြပါတယ်။

play

 

မော်ဒယ်ဟောင်း ကေတီပရိုက်စ်ဟာ သူမရဲ့ပွဲလက်မှတ်တစ်စောင်ကို ၇၅ ပေါင် (ဒေါ်လာ ၁၀၀ ခန့်) သတ်မှတ်မယ်လို့ သိရပါတယ်။

play

 

ကေတီပရိုက်စ်ဟာ သူမရဲ့စာအုပ်သစ် Reborn ကို အရောင်းမြှင့်တင်ဖို့အတွက်  နောက်လကစပြီး ဟောပြောပွဲတွေ လှည့်လည်ပြုလုပ်မှာ ဖြစ်ပါတယ်။

လာရောက်နားဆင်သူတွေကို ဟိုတယ်တစ်ခုမှာ ညစာနဲ့ ဝိုင်တစ်ခွက် ဧည့်ခံမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲအပြီးမှာ သူမရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် (Reborn) တစ်အုပ် ဝယ်ယူရမှာပါ။

play

 

ဒါပေမဲ့ သူမရဲ့လက်မှတ်ဈေးက နာမည်ကြီးအဆိုတော်တွေရဲ့ ရှိုးပွဲထက်တောင် ပိုများနေတဲ့အတွက် ပရိသတ်ဆီက မကျေနပ်သံတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ရီဟားနားဟာ လန်ဒန်မှာ လက်မှတ်တစ်စောင်ကို ပေါင် ၇၀ နဲ့ ဖျော်ဖြေခဲ့တာ ဖြစ်ပြီး နောက်လမှာ နယူးယော့ခ်မှာ ပြုလုပ်မယ့် အဒဲလ်ရှိုးပွဲရဲ့ လက်မှတ်တစ်စောင်နှုန်းထားက ပေါင် ၃၀ သာ ရှိပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ