International Celebrity: အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တော့မယ့် ဟေလီဘောဝင်း

, updated

နိုဝင်ဘာလလယ်လောက်မှာ စပြီး ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

play

 

မော်ဒယ်လေး ဟေလီဘောဝင်းကလည်း သူမရဲ့ကိုယ်ပိုင်နာမည်နဲ့ အလှကုန်ပစ္စည်းတွေ ထုတ်တော့မယ်လို့ ပြောလာပါတယ်။ အချစ်ဆုံးသူငယ်ချင်းမော်ဒယ်တွေဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာ၊ ဂျီဂျီဟက်ဒီးတို့ရဲ့လမ်းစဉ်အတိုင်း ဟေလီဘောဝင်းကလည်း ဖက်ရှင်အလှအပနယ်မြေသစ်ကို တိုးချဲ့တော့မှာဖြစ်ပါတယ်။

play

 

သြစတြေးလျအမှတ်တံဆိပ် ModelCo နဲ့ ပူးပေါင်းပြီး ကုန်ပစ္စည်း ၂၅ မျိုးကို ထုတ်လုပ်သွားမယ်လို့သိရပါတယ်။ တန်ဖိုးတွေကတော့ နှုတ်ခမ်းနီတစ်ချောင်းကို ၁၉ ဒေါ်လာဝန်းကျင်ရှိပြီး Countour Platte (ပရော်ဖက်ရှင်နယ်မိတ်ကပ်) တစ်ခုကို ၄၂ ဒေါ်လာ ကျသင့်မှာပါ။ အဆင့်မြင့်ထုတ်ပိုးမှု၊ အကောင်းဆုံးဖော်မြူလာတွေနဲ့ ထုတ်လုပ်သွားမယ်လို့ ဟေလီက ပြောပါတယ်။

play

 

ဟေလီရဲ့မိတ်ကပ်တွေကို ယခုနှစ် နိုဝင်ဘာလလယ်လောက်မှာ စပြီး ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ