International Celebrity: ပထမဆုံးဝယ်ခဲ့တဲ့အိမ်ကို ပြန်ရောင်းလိုက်တဲ့ ဂျနီဖာလောရန့်စ်

ဒေါ်လာ ၁.၁၅ သန်းနဲ့ ရောင်းချလိုက်တာ ဖြစ်ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် မင်းသမီးဟာ ၂၀၀၆ ခုနှစ်က ၈၇၉,၀၀၀ ဒေါ်လာ နဲ့ သူမဝယ်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာမွန်နီကာမြို့ရှိ အိမ်ကနေ ဒေါ်လာ နှစ်သိန်းခုနစ်သောင်း အမြတ်ရလိုက်ပါတယ်။

play

 

သူမဟာ ၂၀၁၅ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း ဒေါ်လာ ၄၆ သန်း ဝင်ငွေရှိခဲ့ပြီး ဟောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံးမင်းသမီးအဖြစ် ၂ နှစ်ဆက်တိုက် သတ်မှတ်ခံရပြီးနောက် အခုလို ရောင်းချလိုက်တာပါ။

play

 

အစတုန်းကတော့ သူမဟာ အိပ်ခန်း ၂ ခန်းပါတဲ့ အဲဒီအိမ်အတွက် ဒေါ်လာ ၁.၁၆၉ သန်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ