International Celebrity: ရိုက်ကွင်းပေါ်မှာ အသောက်များပြီး ထိုးအန်တဲ့အထိဖြစ်ခဲ့တဲ့ ဟာဆော့ဂျင်း

သောက်လိုက် အန်လိုက်နဲ့ပဲ ပြီးသွားခဲ့ပါတယ်။

play

 

Drinking Alone ဇာတ်ကားမှာ ခေါင်းဆောင်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာဆော့ဂျင်းဟာ ဇာတ်ကားရိုက်ရင်း အသောက်များပြီးအန်တဲ့အထိဖြစ်ခဲ့ဖူးပါတယ်။

play

 

ယနေ့ပြုလုပ်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဟာဆော့ဂျင်းမူးပြီးအန်တဲ့အကြောင်းကို ထုတ်လုပ်သူက ပြောသွားခဲ့တာပါ။ ဇာတ်သဘောအရ တစ်ကိုယ်တည်းသောက်ရတဲ့အခန်းတွေကို အများအပြားသရုပ်ဆောင်ရင်း တကယ်သောက်ခဲ့တာကြောင့် ခုလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။ " ရိုက်ကူးရေးတစ်လျှောက်လုံး သူက သောက်လိုက်၊ အန်လိုက်၊ ပြန်သောက်လိုက်ပဲ။ သူ့အတွက်တော့ စိတ်မကောင်းပါဘူး" လို့ ထုတ်လုပ်သူ ချွိုင်ဂူဆစ်က ပြောပါတယ်။

ဟာဆော့ဂျင်းရဲ့ အသောက်ခန်းတွေများများပါတဲ့ Drinking Alone ဇာတ်ကားကို စက်တင်ဘာလထဲမှာ ပြသသွားမယ်လို့ သိရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ