International Celebrity: တွမ်ဟစ်ဒယ်လ်စတန်ရဲ့ အင်စတာဂရမ်အကောင့် အဟက်ခံရ

ဖွင့်ထားတာမှ နှစ်ပတ်ပဲရှိပါသေးတယ်။

play

 

ဗြိတိန်မင်းသား တွမ်ဟစ်ဒယ်လ်စတန်သုံးနေတဲ့ အင်စတာဂရမ်အကောင့်ဟာ ကြာသပတေးနေ့ မနက်ပိုင်းက အဟက်ခံလိုက်ရတယ်လို့ သိရပါတယ်။

play

 

မနက် ၉ နာရီဝန်းကျင်ကစပြီး တွမ်ရဲ့အင်စတာဂရမ်အကောင့်မှာ ထူးဆန်းတဲ့ဗီဒီယိုတွေအပါအဝင် ပို့စ်တွေ ပွထနေအောင် တက်တာခဲ့ပါတယ်။ အင်စတာဂရမ်နာမည်နောက်မှာလည်း စာတွေထပ်တိုးလာခဲ့ပါသေးတယ်။

play

 

နှစ်ရီအကြာမှာတော့ တွမ်ရဲ့အကောင့်ကိုပြန်ရခဲ့ပြီး ဟက်ခံထားရစဉ်က တင်သွားခဲ့တဲ့ပို့စ်တွေကိုလည်း ပြန်ဖျက်သွားခဲ့ပါတယ်။ တွမ်ဟာ လွန်ခဲ့တဲ့နှစ်ပတ်ကမှ အင်စတာဂရမ်ကို စပြီးအသုံးပြုခဲ့တာပါ။ လက်ရှိအချိန်မှာ follower တစ်သန်းအထိလည်း ရထားပြီးပါပြီ။

Source : Verge

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ