AD
AD
AD
play

 

ရပ်ပ်ပါ မက်မီလာနဲ့ ချစ်သူတွေဖြစ်သွားတဲ့ အေရီရာနာဂရန်ဒီက အချစ်သစ်နဲ့အတူ တက်တူးသွားထိုးခဲ့ပါတယ်။ နာမည်ကျော် တက်တူးဆရာ Dr.Woo ထံမှာ နှစ်ယောက်အတူ တက်တူးသစ်တွေသွားထိုးကြတာပါ။

play

 

ဆံပင်လေးနှစ်ဖက်ကိုထုံးဖွဲ့ထားတဲ့ အေရီရာနာက ချစ်စဖွယ်အသွင်လေးနဲ့ မြင်ရပါတယ်။ ဇာပါးပါးဘရာလေးပေါ်မှာ ခေါင်းစွပ်လက်ရှည်တစ်ထည် ထပ်ဝတ်ကာ ရွှင်ရွှင်လန်းလန်းပါပဲ။

play

 

သူမ ထိုးလိုက်တဲ့ တက်တူးသစ်တွေကို snapchat ပေါ်မှာ ပြသွားခဲ့ပါတယ်။ တစ်ခုက အချစ်ဆုံးသူငယ်ချင်း အဲလက်စာ လူရီယာရဲ့နာမည်အစ A စာလုံးနဲ့ ဗီးနပ်စ်ရဲ့သင်္ကေတတို့ကို လက်ချောင်းလေးတွေမှာ ရေးထိုးလိုက်တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD