International Celebrity: ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးစာရင်းဝင် အာရှမင်းသမီးနှစ်လက်

ဘောလိဝုဒ်သရုပ်ဆောင်တွေရဲ့အနုပညာကြေးကလည်း မနည်းပါဘူး။

play

 

ကမ္ဘာ့အနုပညာကြေး ဝင်ငွေအများဆုံး သရုပ်ဆောင်စာရင်းကို Forbes က ထုတ်ပြန်ကြေညာရာမှာ အာရှတိုက်သူ မင်းသမီးနှစ်လက်လည်း ပါဝင်လာပါတယ်။ ယမန်နှစ်ဝင်ငွေတွေကို အခြေခံကာ အနုပညာကြေးအမြင့်ဆုံး အမျိုးသားသရုပ်ဆောင် ၁၀ ဦးနဲ့ အမျိုးသမီးသရုပ်ဆောင် ၁၀ ဦး စာရင်းကို သြဂုတ်လမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

တရုတ်မင်းသမီး ဖန်ဘင်းဘင်းနဲ့ ဘောလိဝုဒ်မင်းသမီး ဒီပီကာပက်ဒူကိုနီတို့ဟာ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေစာရင်းမှာ အဆင့် ၅ နဲ့ အဆင့် ၁၀ နေရာတို့မှာ ပါဝင်လာခဲ့ပါတယ်။ နံပတ်တစ်နေရာကိုတော့ ဟောလိဝုဒ်သရုပ်ဆောင် ဂျနီဖာလောရင့်စ်က ရခဲ့တာပါ။

play

 

ဖန်ဘင်းဘင်းဟာ တရုတ်နိုင်ငံရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးဖြစ်ပြီး ယမန်နှစ်အတွင်း ရခဲ့တဲ့အနုပညာကြေးဟာ ဒေါ်လာ ၁၇ သန်း ရှိခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်အဖြစ်သာမက ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်၊ ထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်သူပါ။ ငွေကြေးလှူဒါန်းရာမှာလည်း ရက်ရောလွန်းတာကြောင့် ဖန်ဘင်းဘင်းကိုချစ်ခင်လေးစားသူတွေ တစ်ပုံကြီးပါပဲ။

play

 

ဒီပီကာ ပက်ဒူကိုနီကတော့ ကန်ဒေါ်လာ ၁၀ သန်း ဝင်ငွေနဲ့ ကမ္ဘာ့အနုပညာကြေးအများဆုံးမင်းသမီးစာရင်းမှာ နံပတ် ၁၀ နေရာကို ချိတ်လာပါတယ်။ အိန္ဒိယနွယ်ဖွား ဘောလိဝုဒ်မင်းသမီး ပက်ဒူကိုနီဟာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။ Vogue မဂ္ဂဇင်းနဲ့အတူ The Choice ဆိုတဲ့ခေါင်းစဉ်ပေးထားတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာဗီဒီယိုတစ်ခုကိုလည်း ရိုက်ကူးဖူးပါတယ်။

Source : Elle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ