International Celebrity: ဒရိတ်ခ်ကြောင့် အံ့သြပျော်ရွှင်ခဲ့ရတဲ့ ရီဟားနား

ရီဟားနားက ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်ပေါ်မှာ တင်ထားပါသေးတယ်။

play

 

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် MTV VMAs ဆုပေးပွဲမှာ ဂုဏ်ပြုဆုချီးမြှင့်ခံရမယ့် ရီဟားနားအတွက် ဒရိတ်ခ်က အံ့သြပျော်ရွှင်အောင်လုပ်ပေးခဲ့ပါတယ်။ ရီဟားနားအနေနဲ့ ဒရိတ်ခ်ရဲ့ချီးကျူးမှုကို ယခုလိုလက်ခံရရှိလိမ့်မယ်လို့လည်း ထင်မထားခဲ့ပါဘူး။

play

 

လော့စ်အန်ဂျလိစ်မြို့ထဲမှာ ကြီးမားတဲ့ ဘေလ်ဘုတ်ကြီးတစ်ခုပေါ်မှာ ရီဟားနားကို ချီးကျူးစာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ " ဒရိတ်ခ်နဲ့ OVO ဖျော်ဖြေပွဲမှလူအားလုံးက ရီဟားနားကိုဂုဏ်ပြုပါတယ်" ဆိုတဲ့ စာသားကို ဆိုင်းဘုတ်ပေါ်မှာ ရေးထားတာတွေ့ရပါတယ်။ အံ့သြပျော်ရွှင်သွားခဲ့တဲ့ ရီဟားနားက ဆိုင်းဘုတ်ကိုဓာတ်ပုံရိုက်ကာ အင်စတာဂရမ်ပေါ်မှာ တင်ထားပါသေးတယ်။

play

 

ရီဟားနားဟာ ယခုနှစ်  MTV VMAs ဆုပေးပွဲမှာ Michael Jackson Video Vanguard ဆုကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ တနင်္ဂနွေည ၉ နာရီမှာ ပြုလုပ်မှာပါ။

Source : Rihanna Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ