International Celebrity: ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပြခဲ့တဲ့ ဘရွတ်ကလင်းဘက်ခမ်း

အသက် ၁၇ နှစ်သာရှိသေးပေမဲ့ ကြံ့ခိုင်လှပါတယ်။

play

 

ဘရွတ်ကလင်းဘက်ခမ်း တင်လိုက်တဲ့ အင်စတာရမ်ပို့စ်ဟာ ဆယ်ကျော်သက်မလေးတွေ အကြိုက်ဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

play

 

ဒေးဗစ်ဘက်ခမ်းရဲ့သားအကြီးဆုံး အသက် ၁၇ နှစ်အရွယ် ဓာတ်ပုံဆရာလေးဟာ သူ့ရဲ့ ယောက်ျားပီသလှတဲ့ ခန္ဓာကိုယ်ကို အားကစားခန်းမထဲမှာ ရိုက်ကူးခဲ့ပါတယ်။

play

 

ဘရွတ်ကလင်းဟာ အပေါ်ပိုင်းဗလာနဲ့ လေ့ကျင့်ခန်းလုပ်နေတာဖြစ်ပြီး တစ်ကိုယ်လုံးမှာ ချွေးသီးလေးတွေတောင် ထနေပါတယ်။

play

 

ဘရွတ်ကလင်းဟာ အခုဆိုရင် ဓာတ်ပုံလုပ်ငန်းသာ မဟုတ်ဘဲ မော်ဒယ်အဖြစ်လည်း အောင်မြင်စပြုပြီဖြစ်ပြီး Huawei ဖုန်းအတွက် ကြော်ငြာရိုက်ကူးပေးခဲ့တဲ့အတွက် ပြီးခဲ့တဲ့အပတ်က ပေါင် တစ်သိန်း (ဒေါ်လာ ၁၃ သိန်းကျော်) ရရှိခဲ့ပါတယ်။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ