play

 

ကာဒါရှီယန်မိသားစုတစ်စုလုံးက အဒဲလ်နဲ့ ညစာအတူစားဖို့ အရမ်းစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အဒဲလ်ဟာ ယင်းမိသားစုနဲ့ ရင်းနှီးပြီး လော့ဆန်းဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲတုန်းကဆိုရင် ကန်ဒဲလ်ဂျန်နာကို VIP ဧည့်သည်အဖြစ်တောင် ဖိတ်ခဲ့တာပါ။

play

 

အဲဒီလို ရင်းနှီးမှုရှိတဲ့အတွက် ညစာလည်း အတူစားခွင့်ရမယ်လို့ ကာဒါရှီယန်အုပ်စုထင်တာ လုံးဝကို မှားယွင်းသွားပါပြီ။

အဒဲလ်ဟာ Keeping Up With the Kardashians ကို အရမ်းကြိုက်ကြောင်းနဲ့ သူမရဲ့သား အန်ဂျယ်လိုကို ကိုယ်ဝန်ဆောင်စဉ်က အပြန်ပြန်အလှန်လှန် ကြည့်မိကြောင်း ဝန်ခံခဲ့ဖူးပါတယ်။

play

 

ဒါပေမဲ့လည်း အေးအေးဆေးဆေးပဲ နေချင်တဲ့ အဒဲလ်ဟာ ကာဒါရှီယန်တွေရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲထဲမှာ သူမကိုယ်တိုင်ပါဝင်ဖို့ကိုတော့ စိတ်မပါဘူးလို့ သိရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video