International Celebrity: ဘောလိဝုဒ်ရဲ့ သရုပ်ဆောင်အကောင်းဆုံး မင်းသမီးတစ်လက်

ကာဂျိုးလ်ဟာ မင်းသားရှာရွတ်ခမ်းနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပိုမို နာမည်ကြီးလေ့ရှိပါတယ်။

play


Kuch Kuch Hota Hai ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာခဲ့တဲ့ ဘောလိဝုဒ်ရဲ့ သရုပ်ဆောင်အကောင်းဆုံး မင်းသမီးစာရင်းဝင် ကာဂျိုးလ်ဟာ မွန်ဘိုင်းမှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ သူမရဲ့မိခင်က မင်းသမီးဟောင်းတစ်ဦးဖြစ်ကာ  ဖခင်ကတော့ ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။

play


အနုပညာဗီဇရှိပြီးသားဖြစ်တဲ့ သူမဟာ အသက် ၁၇နှစ်အရွယ်မှစတင်ကာ အနုပညာလောကထဲ ခြေချခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ မင်းသားရှာရွတ်ခမ်းနဲ့အတူ Dilwale Dulhania Le Jayenge ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့ပါတယ်။

play


၁၉၉၈ မှာတော့ မင်းသားရှာရွတ်ခမ်းနဲ့ပဲ Kuch Kuch Hota Hai ဆိုတဲ့ ဒရာမာဟာသ ဇာတ်ကားလေးမှာ ရှာရွတ်ခမ်းရဲ့ ယောက်ျားလျာသူငယ်ချင်း မိန်းကလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပိုင်း ပိုင်နိုင်သလို ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာကြောင့် အဲ့ဒီ့ဇာတ်ကားကို ကမ္ဘာတစ်ဝန်းမှာ လူသိများနှစ်ခြိုက်ခြင်းခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

play


များသောအားဖြင့် ဒရာမာနဲ့ဟာသဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ ကာဂျိုးလ်ဟာ မင်းသားရှာရွတ်ခမ်းနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပိုမိုနာမည်ကြီးလေ့ရှိကာ ၂၀၁၀ မှာလည်း My Name Is Khan ရုပ်ရှင်ဇာတ်ကားကြီးမှာ ရှာရွတ်ခမ်းနဲ့အတူ ပါဝင်ခဲ့ပြီး ထပ်မံအောင်မြင်လာခဲ့ပြန်ပါတယ်။

play


အနုပညာထူးချွန်ဆုများစွာ ချီးမြှင့်ခြင်းခံထားရတဲ့ သူမဟာ ၁၉၉၄ခုနှစ်မှာ ဘောလိဝုဒ်မင်းသားကြီး Ajay Devgn နဲ့ စတင်ချစ်ကြိုးသွယ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

play


ပထမဆုံးကိုယ်ဝန်ကို ဆုံးရှုံးခဲ့ရတဲ့ သူမဟာ ၂၀၀၃ ခုနှစ်မှာတော့ သမီးလေးမွေးဖွားနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ သားလေးတစ်ဦး ထပ်မံမွေးဖွားခဲ့ပါတယ်။ ဘောလိဝုဒ်ရဲ့ သရုပ်ဆောင်အကောင်းဆုံး မင်းသမီး ကာဂျိုးလ်ကို ၁၉၇၄ ခုနှစ် သြဂုတ် ၅ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ