International Celebrity: ခင်ပွန်းဟောင်းကိုစင်ပေါ်ခေါ်ပြီး သီချင်းအတူဆိုလိုက်တဲ့ ဂျနီဖာလိုပက်ဇ်

ရည်းစားနဲ့ပြတ်သွားတာ တစ်ပတ်တောင်မပြည့်သေးပါဘူး။

play

 

သြဂုတ် ၂၇ ရက်ညက နယူးယော့ခ်မြို့ Radio City Music Hall ဖျော်ဖြေပွဲမှာ ဂျေလိုကြောင့် ပရိသတ်တွေတောင် အံ့အားသင့်ခဲ့ရပါသေးတယ်။ ခင်ပွန်းဟောင်း မက်အန်တိုနီကို စင်ပေါ်ခေါ်ပြီး သီချင်းအတူဆိုပြလိုက်တာပါ။

play

 

တကယ်တော့ ဒီပွဲဟာ တေးရေးဆရာ၊ ထုတ်လုပ်သူ မက်အန်တိုနီအတွက် ပထမဆုံးအကြိမ် စင်ပေါ်တက်တဲ့ပွဲလည်းဖြစ်ပါတယ်။ ဂျေလိုဟာ အမြွှာလေးနှစ်ဦးရဲ့ဖခင် မက်ကို စင်ပေါ်ခေါ်ကာ Ne Me Ames အမည်ရှိ စပိန်သီချင်းတစ်ပုဒ်ကို နှစ်ယောက်တွဲသီဆိုခဲ့ကြပါတယ်။

play

 

ဂျေလိုနဲ့မက်တို့ဟာ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ သားတစ်ဦး၊သမီးတစ်ဦး အမြွှာရင်သွေးကိုရခဲ့ကြပြီး ကလေးတွေက အသက် ၈ နှစ် ရောက်နေပါပြီ။ လက်ရှိအချိန်မှာ မက်ကလည်း အိမ်ထောင်သစ်ထူထောင်ထားပါတယ်။ ဂျေလိုကလည်း အကသမား ကတ်စပါစမတ်နဲ့ ငါးနှစ်ကြာတွဲလာပြီးမှ ပြီးခဲ့တဲ့သီတင်းပတ်ကတင် လမ်းခွဲလိုက်တာဖြစ်ပါတယ်။

Source : Justjared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ