International Celebrity: မရိုင်ယာကာရီရဲ့အစ်မ ပြည့်တန်ဆာမှုနဲ့အဖမ်းခံရ

အသက် ၅၅ နှစ်အရွယ်ပြည့်တန်ဆာကို မရိုင်ယာကာရီရဲ့အစ်မမှန်းနောက်မှသိလိုက်ရတာပါ။

play

 

မရိုင်ယာကာရီရဲ့အစ်မဖြစ်သူ အလစ်ဆင်ကာရီကို သြဂုတ် ၂၆ ရက်နေ့မှာ နယူးယော့ခ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ် အလစ်ဆင်ကာရီဟာ HIV ပိုး ရှိလျက်နဲ့ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေတဲ့အတွက် အဖမ်းခံလိုက်ရတာပါ။ သူမနဲ့ပျော်ပါးဖို့ကိုလည်း အွန်လိုင်းပေါ်ကတစ်ဆင့် ကြော်ငြာထားပါတယ်။ အလစ်ဆင်နဲ့ပျော်ပါးခဲ့သူတွေကို ဆရာဝန်ဆီချက်ခြင်းသွားဖို့ကိုလည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

play

 

အလစ်ဆင်ဟာ မရိုင်ယာကာရီရဲ့ အစ်မပင်ဖြစ်လင့်ကစား မရိုင်ယာရဲ့လစ်လျူရှုမှုကို ခံထားရသူပါ။ ယခုနှစ်အစောပိုင်းတုန်းက အလစ်ဆင်ဟာ မရိုင်ယာကိုတောင်းပန်ထားတဲ့ဗီဒီယိုတစ်ခုကိုလည်း တင်ခဲ့ပါသေးတယ်။ " မရိုင်ယာ .. ငါနင့်ကိုချစ်ပါတယ်။ ငါနင့်အကူအညီကိုအသည်းအသန်လိုအပ်နေလို့ပါ။ ငါ့ကို ဒီလိုမျိုးပစ်မထားပါနဲ့ဟာ" လို့ တောင်းပန်တိုးလျှိုးထားပါတယ်။

play

 

မရိုင်ယာနဲ့ အလစ်ဆင်တို့ဟာ အဆက်သွယ်မလုပ်ဘဲနေကြတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ အလစ်ဆင်ရဲ့ဗီဒီယိုအပေါ်လည်း မရိုင်ယာကာရီက တုံ့ပြန်မှုမပြုခဲ့ပါဘူး။ လက်ရှိမှာ ရဲတွေက မရိုင်ယာကာရီရဲ့အစ်မဖြစ်သူ အလစ်ဆင်ကိုဖမ်းဆီးထိန်းသိမ်းထားပြီး သြဂုတ် ၃၀ ရက်နေ့မှာ အမှုကိုရုံးတင်စစ်ဆေးမယ်လို့ သိရပါတယ်။

Source : US Mag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ