International Celebrity: တေလာဆွစ်ရေးပေးတဲ့ သီချင်းနဲ့ ဆုရခဲ့သော်လည်း ကျေးဇူးမတင်ခဲ့တဲ့ ကယ်ဗင်ဟားရစ်

ကျေးဇူးတင်စကားပြောချိန်မှာ တေလာဆွစ်နာမည်ပါမလာခဲ့ပါဘူး။

play

 

သြဂုတ်လ ၂၈ ရက်ညမှာ ကျင်းပတဲ့ MTV Video Music Awards မှာ ဒီဂျေ ကယ်ဗင်ဟားရစ်က This is What You Came For သီချင်းနဲ့ အကောင်းဆုံး အမျိုးသားဗီဒီယိုဆုကို လက်ခံရရှိခဲ့ပေမဲ့ သီချင်းကူရေးပေးခဲ့တဲ့ ရည်းစားဟောင်း တေလာဆွစ်အကြောင်းကို လုံးဝမဟခဲ့ပါဘူး။

play

 

တေလာဆွစ်ဟာ ကယ်ဗင်ဟားရစ်နဲ့ ချစ်သူတွေဖြစ်ခဲ့တဲ့ ၁၅ လအတွင်းမှာ အမည်ဝှက်နဲ့ အဲဒီသီချင်းကို ကူညီ သီကုံးပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဗြိတိန်ရောက်နေတဲ့ ကယ်ဗင်ဟားရစ်က ဆုကို ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကနေ လက်ခံရယူရင်း သီချင်းမှာ ပါဝင်ဖျော်ဖြေပေးခဲ့တဲ့ ရီဟားနားကိုတော့ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

play

 

"ကျွန်တော် ဒီည ယူကေမှာ ရှိုးတစ်ခုရှိလို့ပါ။ မဟုတ်ရင် အဲဒီကို ကျွန်တော်ရောက်နေမှာပါ။ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ရီဟားနား။ ခင်ဗျားက စူပါစတားပါပဲ" လို့ ကယ်ဗင်က ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ