play

 

သြဂုတ်လ ၂၈ ရက်ညမှာ ကျင်းပတဲ့ MTV Video ဂီတဆုပေးပွဲမှာ တစ်သက်တာဆုကို ရရှိသွားတဲ့ ရီဟားနားဟာ အဲဒီဆုကို သူမရဲ့ သူငယ်ချင်းကောင်းလည်းဖြစ် တွဲဖက်အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ ဒရိတ်ခ်ဆီကနေ လက်ခံရရှိခဲ့ပါတယ်။

play

 

"ဒီလောကမှာ ဘယ်သူမှ မလုပ်တဲ့အရာတစ်ခုကို လုပ်ပြီး သူမက အောင်မြင်မှုရတာပါ။ သူမတစ်ယောက်တည်း လုပ်ခဲ့တာပါ" လို့ ဒရိတ်ခ်က ဆိုခဲ့ပါတယ်။

play

 

"ကျွန်တော့်အသက် ၂၂ နှစ်ကတည်းက ချစ်ခဲ့ရသူဖြစ်လည်း ဖြစ်ပါတယ်" လို့ အသက် ၂၉ နှစ်အရွယ် ဒရိတ်ခ်က ဝန်ခံခဲ့ပါတယ်။

play

 

အဲဒီနောက် သူဟာ ရီဟားနားရဲ့ နှုတ်ခမ်းကို နမ်းဖို့ ကြိုးစားခဲ့ရာမှာ  ရီဟားနားက ပါးနပ်စွာ ရှောင်လိုက်တဲ့အတွက် ပါးပြင်ကိုသာ နမ်းခွင့်ရခဲ့ပါတယ်။

Source & Photos : vanifty

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video