International Celebrity: စင်ပေါ်မှာ အတူကဲခဲ့တဲ့ အကသမားနဲ့ လက်ချင်းချိတ်လာတဲ့ ပယ်ရီအက်ဒ်ဝက်

စင်ပေါ်မှာလည်း အတော်လေး ကြမ်းခဲ့ပါတယ်။

play

 

သြဂုတ်လ ၂၇ ရက်ညက ဗြိတိန်နိုင်ငံ၊ နယူးမားကတ်မြို့ မြင်းပြိုင်ကွင်းမှာ Little Mix ရဲ့ Get Weird ကမ္ဘာလှည့်ဖျော်ဖြေရေးအစီအစဉ် နောက်ဆုံးညကို ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီညမှာ ပယ်ရီအက်ဒ်ဝက်က အရန်အကသမားတစ်ဦးနဲ့ ဆက်စီကျလှတဲ့အကတွေ တွဲကခဲ့ပါတယ်။

play

 

ပွဲပြီးတဲ့နောက် အဲဒီညမှာပဲ ပယ်ရီဟာ ယင်းအကသမား ကလက်ဒီမာနက်တိုနဲ့ လက်ချင်းချိတ်လို့ လန်ဒန်က Mahiki နိုက်ကလပ်ကို သွားခဲ့ပါတယ်။

play

 

ပန်းရောင်ဂါဝန်တိုလေးကို ဝတ်ထားတဲ့ အသက် ၂၃ နှစ်အရွယ်အဆိုတော် ပယ်ရီဟာ  သြဂုတ်လ ၂၈ ရက်မနက်စောစောမှာ အဲဒီကလပ်ထဲကနေ ကလက်ဒီမာနဲ့အတူ ထွက်လာခဲ့ပါတယ်။

play

 

ကလက်ဒီမာနဲ့ သူမဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ဖူးပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ