International Celebrity: နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်က ရေထက် ဝိုင်ပိုသောက်လို့ဆိုတဲ့ အမန်ဒါဟိုဒန်

အမန်ဒါဟိုဒန်ဟာ ဗြိတိန်နိုင်ငံရဲ့ နာမည်အကြီးဆုံး ရုပ်သံ အစီအစဉ်တင်ဆက်သူ ဖြစ်ပါတယ်။

play

 

အသက် ၄၅ နှစ်အရွယ် အမန်ဒါဟာ ဗြိတိန် Got Talent ရဲ့ ဒိုင်တစ်ဦး ဖြစ်ပါတယ်။

ရှိရင်းစွဲအသက်ထက် နုပျိုလှပလွန်းတဲ့ ဗြိတိန်ရဲ့ နာမည်အကြီးဆုံး ရုပ်သံအစီအစဉ် တင်ဆက်သူ အမန်ဒါက "ကျွန်မ ရေများများသောက်တယ်။ ဒါပေမဲ့ ရေထက် ဝိုင်ပိုသောက်တယ်" လို့ ပြောပြခဲ့ပါတယ်။

play

 

ဟောလိဝုဒ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ရှယ်ရွန်စတုန်းနဲ့ ဂျနီဖာအန်နစ္စတန်တို့ကို အားကျအတုယူတယ်လို့ ဆိုတဲ့ ကလေးနှစ်ယောက်မိခင် အမန်ဒါက ဖွင့်ဟခဲ့ပါတယ်။

play

 

ဖက်ရှင်ကျကျ ဝတ်စားတတ်ပြီး လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမက အစားလျှော့မစားဘူးလို့ ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ