International Celebrity: အွန်လိုင်းပေါ်ကနေ ဖျက်လိုဖျက်ဆီးကွန်မန့်ပေးသူတွေကို ဂျက်စီကာတရားစွဲဆို

play

 

Girls' Generation အဖွဲ့ဝင်ဟောင်း ဂျက်စီကာဟာ သူမကို အွန်လိုင်းပေါ်မှာ အမုန်းစကားတွေနဲ့ ဖျက်လိုဖျက်ဆီးပြောသူတွေကို တရားစွဲဆိုလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Naver ဝက်ဘ်ဆိုက်ပေါ်မှာ သူမကို အမုန်းစကားတွေနဲ့ ရေးသားသွားသူနှစ်ဦးကို ရုံးတော်မှာတိုင်ကြားလိုက်တယ်လို့ ဂန်းနန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဆိုပါနှစ်ယောက်ဟာ သူမကို လွန်ခဲ့တဲ့ငါးလကတည်းက အမုန်းတရားဆန်တဲ့စကားတွေရေးသားနေခဲ့ကြတယ်လို့ ဂျက်စီကာရဲ့တိုင်စာထဲမှာ ဖော်ပြထားပါတယ်။

play

 

ဂျက်စီကာဟာ Fly အမည်ရှိ တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ကိုလည်း မကြာမီက ဖြန့်ချိထားပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ