International Celebrity: တက်တူးဆင်တူထိုးထားတဲ့ ဂျိုနက်စ်ညီအစ်ကို

နှစ်ယောက်လုံးကတော့ တန်းဝင်တဲ့အဆိုတော်တွေဖြစ်လာပါပြီ။

play

 

ညီအစ်ကိုနှစ်ယောက်လုံး အဆိုတော်ဖြစ်နေကြတဲ့ ဂျိုးဂျိုနက်စ်နဲ့ နစ်ခ်ဂျိုနက်စ်တို့ဟာ ယခုနှစ် MTV VMAs ဆုပေးပွဲမတိုင်မီမှာ တက်တူးဆင်တူထိုးခဲ့ကြပါတယ်။

play

 

နစ်ခ်ဂျိုနက်စ်ရဲ့ snapchat ပေါ်မှာ အစ်ကိုဖြစ်သူနဲ့ ဆင်တူထိုးထားတဲ့တက်တူးပုံကို တင်ထားခဲ့ပါတယ်။ တက်တူးဆိုင်မှာ အတူတူတက်တူးထိုးနေတာတွေကိုလည်း တင်ထားပါတယ်။

play

ဂျိုးရဲ့ညာဘက်လက်မောင်းနဲ့ နစ်ခ်ရဲ့ဘယ်ဘက်လက်မောင်းတို့မှာ ဖြောင့်တန်းနေတဲ့မြားလေးတစ်စင်းစီကို ထိုးထားကြတာပါ။

play

 

ဂျိုးဂျိုနက်စ်ရဲ့ DNCE အဖွဲ့ဟာ ယခုနှစ် MTV VMAs ဆုပေးပွဲမှာ အကောင်းဆုံး တက်သစ်စအနုပညာရှင်ဆုကို ဆွတ်ခူးသွားခဲ့လို့ နစ်ခ်ကလည်း ဂုဏ်ယူနေပါတယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ