International Celebrity: ဘီကီနီအလန်းတွေကို ပင်လယ်နောက်ခံထားပြီးဝတ်ပြတဲ့ မီရန်ဒါကားရ်

Snapchat ရဲ့ CEO နဲ့ မကြာသေးခင်ကမှ စေ့စပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

သြစတြေးလျစူပါမော်ဒယ် မီရန်ဒါကားရ်ဟာ BONDS အမှတ်တံဆိပ် ရေကူးဝတ်စုံကြော်ငြာကို မာလီဘူးကမ်းခြေမှာ ရိုက်ကူးခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကလေးတစ်ဦးမိခင်ဟာ သူမရဲ့လှပတဲ့ကောက်ကြောင်းတွေကိုလည်း အပြည့်အဝ ပြသခဲ့ပါတယ်။

play

 

မြီးကောင်ပေါက်မလေးလို ပြုံးပျော်မြူးတူးနေတဲ့ မီရန်ဒါက ဘီကီနီအရောင်စုံ ဒီဇိုင်းစုံနဲ့ ဓာတ်ပုံရိုက်ခဲ့တာပါ။

play

 

နေရောင်ထိထားတဲ့အသားအရေက လှိုင်းဖြူဖြူတွေကြားမှာ ထင်ရှားနေပြီး မီရန်ဒါကားရ်ရဲ့ ပါးချိုင့်ကလေးတွေကလည်း ချစ်ချင်စရာကောင်းနေပါတယ်။ သူမ ဝတ်ဆင်ပြသထားတဲ့ ဘီကီနီတွေကို စက်တင်ဘာလမှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။

Source : Daily Mail

play
play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ