International Celebrity: ဂျက်စတင်ဘီဘာရဲ့ ဘောင်းဘီကို ဝတ်ထားတဲ့ ဆိုဖီယာရစ်ချီ

ဂျေဘီ Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ ဝတ်ခဲ့တဲ့ အားကစားဘောင်းဘီပါ။

play

 

ဂျက်စတင်ဘီဘာနဲ့ ဆိုဖီယာရစ်ချီတို့ဟာ မက္ကဆီကိုက လော့စ်ကာဘိုမှာ အပန်းဖြေထွက်ကြရင်း ရင်းနှီးမှုတွေ ပိုခဲ့ကြပါတယ်။

play

 

ဂျေဘီရဲ့ Purpose အားကစားဘောင်းဘီဟာ အခု ဈေးကွက်ထဲမှာ ရောင်းချနေတာ ဖြစ်တဲ့အတွက် သူမဟာ ချစ်သူရဲ့ ဘောင်းဘီကို ကူညီကြေညာပေးလိုက်ပုံပါပဲ။

အဲဒီဘောင်းဘီကို ဂျက်စတင်ဘီဘာရဲ့ ဝက်ဘ်ဆိုက်မှာ ဒေါ်လာ ၁၀၀ နဲ့ ရောင်းနေတာ ဖြစ်ပါတယ်။

play

 

ဂျေဘီနဲ့ ရိုမန်တစ်ဆန်လှတဲ့ အပန်းဖြေခရီးထွက်နေတဲ့ အသက် ၁၈ နှစ်အရွယ် မော်ဒယ်မလေး ဆိုဖီယာကို သြဂုတ်လ ၂၉ ရက်မှာ လော့ဆန်းဂျလိစ်က LAX လေဆိပ်မှာ အိပ်ချင်မူးတူးပုံစံလေးနဲ့ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

play

 

ဂျေဘီကလည်း ဆိုဖီယာရစ်ချီရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ကို ကမ်းခြေကို အလည်ခရီးထွက်ပြီး ကျင်းပနေရတဲ့အတွက် MTV Video Music ဆုပေးပွဲကိုတောင် မတက်ခဲ့ပါဘူး။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ