International Celebrity: ကွဲကွာနေတဲ့ ခင်ပွန်းနဲ့ ပြန်တွေ့ချိန်မှာ မျက်ရည်သုတ်ခဲ့တဲ့ ဂျနီဖာဂါနာ

ဘန်ရဲ့မွေးနေ့ပွဲကို မိသားစုနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့နှစ်က ၁၀ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပပြီး ခင်ပွန်းဖြစ်သူ ဘန်အက်ဖလက်နဲ့ ကွဲကွာခဲ့တဲ့ ဂျနီဖာဂါနာဟာ ခင်ပွန်းနဲ့ ပြန်လည်တွေ့ဆုံချိန်မှာ မျက်ရည်တွေ သုတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

play

 

ခင်ပွန်းနဲ့ ပြန်တွေ့ချိန် ကားနားမှာ ရပ်နေရင်း အသက် ၄၄ နှစ်အရွယ် မင်းသမီးရဲ့ ပုံစံဟာ ဝမ်းနည်းနေတာ သိသာလှပါတယ်။

သူတို့နှစ်ယောက်ဟာ လမ်းခွဲလိုက်ကြပေမဲ့ အခင်အမင်မပျက်ပါဘူးလို့ ဆိုပေမဲ့ ကားထဲကို ဝင်ချိန်မှာ ဘန်ကို ကြည့်ရတာ ဂျနီဖာကို စိတ်ပျက်နေသလိုပါပဲ။

play

 

ဘန်ရဲ့ ၄၄ နှစ်ပြည့်မွေးနေ့ရှိတာကြောင့် မိသားစုလိုက် မွန်တာနာကို အပန်းဖြေခရီးထွက်ရာမှ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ကွဲကွာနေတာ တစ်နှစ်ကျော်ရှိပေမဲ့ နှစ်ယောက်စလုံးဘက်ကတော့ ကွာရှင်းဖို့အတွက် လှုပ်ရှားကြတာကို မတွေ့ရသေးပါဘူး။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ