International Celebrity: ၂၀၁၆ ခုနှစ်ရဲ့ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး ထိပ်တန်းမော်ဒယ် (၁၀) ဦး

Victoria's Secret မော်ဒယ်တွေ အတော်များများပါဝင်နေတာကတော့ မဆန်းပါဘူး။

play

 

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးမော်ဒယ်တွေစာရင်းကို Forbes က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထိပ်ဆုံးမှာတော့ ဘရာဇီးမော်ဒယ် ဂျစ်ဆဲလ် ဘန့်ချင်ကပဲ ဆက်လက်နေရာယူထားပါတယ်။ အသက် ၃၆ နှစ်အရွယ် ဘန်ချင်က ရီယိုအိုလံပစ်ဖွင့်ပွဲမှာတုန်းကလည်း ပါဝင်တင်ဆက်ခဲ့ပါသေးတယ်။ ယမန်နှစ်အတွင်း သူမရဲ့ အနုပညာကြေးဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၀.၅ သန်း ရှိကာ အနုပညာကြေးအမြင့်ဆုံးမော်ဒယ် ဖြစ်လာပါတယ်။

ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးမော်ဒယ် (၁၀) ဦး

play

 

၁။ ဂျစ်ဆဲလ် ဘန့်ချင် - ကန်ဒေါ်လာ ၃၀.၅ သန်း

၂။ အဒ်ရီယာနာ လီမာ - ကန်ဒေါ်လာ ၁၀.၅ သန်း

၃။ ကန်ဒဲလ် ဂျန်နာ - ကန်ဒေါ်လာ ၁၀ သန်း

၃။ ကာလီ ကလော့စ် - ကန်ဒေါ်လာ ၁၀ သန်း

၅။ ဂျီဂျီ ဟက်ဒီး - ကန်ဒေါ်လာ ၉ သန်း

၅။ ရိုစီ ဟန်တင်တန် ဝှိုက်တလေ - ကန်ဒေါ်လာ ၉ သန်း

၇။ ကာရာ ဒလဗင်း - ကန်ဒေါ်လာ ၈.၅ သန်း

၈။ ကန်ဒိုက်စ် ဆွင်န်ပိုးလ် - ကန်ဒေါ်လာ ၇ သန်း

၈။ လူ ဝမ် - ကန်ဒေါ်လာ ၇ သန်း

၁၀။ မီရန်ဒါ ကားရ် - ကန်ဒေါ်လာ ၆ သန်း

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ