International Celebrity: ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေနားလိုက်တဲ့ ဆယ်လီနာဂိုးမက်

Lupas ဟာ ဖြစ်တောင့်ဖြစ်ခဲ ရောဂါအမျိုးအစားဖြစ်ပြီး မိမိရဲ့ကိုယ်ခံအားစနစ်ကပဲ ကိုယ်တွင်းကတစ်ရှုးတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တိုက်ခိုက်တဲ့ရောဂါအမျိုးအစားဖြစ်ပါတယ်။ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်နဲ့ နှလုံးအပါအဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို သက်ရောက်စေတဲ့ရောဂါမျိုးပါ။

play

 

Revival ဖျော်ဖြေရေးခရီးစဉ်နဲ့ နိုင်ငံအတော်များများကို သွားရောက်ခဲ့ပြီးနောက် အနုပညာအလုပ်တွေ ခတ္တရပ်နားတော့မယ်လို့ ဆယ်လီနာဂိုးမက်က ဆိုလိုက်ပါတယ်။

" လွန်ခဲ့တဲ့တစ်နှစ်လောက်က လူတွေမှာနာမကျန်းတာအမျိုးမျိုးစေတဲ့ Lupus ရောဂါ ကျွန်မမှာဖြစ်ခဲ့တာ အားလုံးအသိပါပဲ။ Lupas ရဲ့ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ စိတ်သောကရောက်တာတွေ၊ စိတ်ဓာတ်ကျတာတွေကို ကြုံတွေ့နေရလို့ အနုပညာအလုပ်တွေကို ခဏလောက်နားထားပါ့မယ်" လို့ ဆယ်လီနာက People မဂ္ဂဇင်းကို ဖြေကြားသွားပါတယ်။

play

 

ခုလိုခံစားနေရတာကို ပရိသတ်တွေသိအောင် ပြောပြလိုက်ရတဲ့အတွက် သူမအနေနဲ့တစ်ယောက်တည်းအထီးကျန်တာမျိုး မဖြစ်တော့ဘူးလို့လည်းဆိုပါတယ်။ ကိုယ်စီမှာရှိနေကြတဲ့ အခက်အခဲအမျိုးမျိုးကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်လို့လည်း ပြောပါသေးတယ်။

ကျန်းမာရေးရော စိတ်ပျော်ရွှင်မှုရော ပြန်လည်ကောင်းမွန်အောင် အချိန်ပေးမယ်လို့ ဆိုပေမဲ့ ဘယ်အချိန်ထိနားမယ်လို့တော့ ပြောမသွားပါဘူး။ ဆယ်လီနာရဲ့ Revival ဖျော်ဖြေရေးခရီးစဉ်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျန်ရှိနေပါသေးတယ်။

Source : People, MTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ