play

 

အစ္စရေးမော်ဒယ် ဘားရက်ဖယ်လီဟာ လွန်ခဲ့တဲ့ သုံးပတ်ကမှ မီးဖွားခဲ့တာ ဖြစ်ပေမဲ့ သူမရဲ့ မော်ဒယ်ကိုယ်လုံးလေးကို ထိခိုက်မှုမရှိဘူးဆိုတာ ပြသခဲ့ပါတယ်။

အနက်ရောင်ဘီကီနီလေး ဝတ်ထားတဲ့ အသက် ၃၁ နှစ်အရွယ် ဘားရက်ဖယ်လီဟာ လေ့ကျင့်ခန်းလုပ်ထားသကဲ့သို့ပဲ ခါးလေးကသေးသွယ်လို့ နေပါတယ်။

play

 

ဓာတ်ပုံထဲမှာ သူမဟာ ဘီကီနီအမည်းလေးနဲ့ ရေကူးနေပြီး သူမရဲ့ နောက်ပိုင်းအလှကို ပြသခဲ့ပါတယ်။

play

 

ဒီလိုခန္ဓာကိုယ်မျိုးကို ချက်ချင်းပြန်ရအောင် ဘယ်လိုစီမံလိုက်တယ်ဆိုတာကို ရှင်းပြမထားဘဲ "Crystal Clear" လို့သာ ပုံအောက်မှာ ရေးသားထားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video