International Celebrity: အမြဲလန်းတဲ့ ကင်မ်ကာဒါရှီယန်ရဲ့ ဖက်ရှင်သစ်

သူမဟာ ထသွားထလာဝတ်စုံတွေကို အများငေးအောင် ဝတ်ဆင်နိုင်သူပါ။

play

 

နယူးယော့ခ်မှာ သြဂုတ်လ ၂၉ ရက်ညက အပြင်ထွက်ရင်း ကင်မ်ကာဒါရှီယန်ဟာ လူတကာငေးလောက်တဲ့ ဖက်ရှင်တစ်မျိုးနဲ့ လှနေပြန်တာကို တွေ့ရပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်ဟာ ခင်ပွန်းဖြစ်သူ ကာညေးဝက်စ်နဲ့အတူ လျှောက်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

ကင်မ်ဟာ အဖြူရောင် ဂျင်းစကတ်တိုလေလးကို ပန်းရောင်ဒေါက်မြင့်ဖိနပ်နဲ့ တွဲဝတ်လို့ သွယ်လျတဲ့ သူမရဲ့ခြေထောက်အလှကို ပြသထားတဲ့အပြင် လည်ဟိုက်အင်္ကျီကို ဝတ်ပြီးတော့လည်း ကမ္ဘာကျော်တဲ့ သူမရဲ့ကောက်ကြောင်းအလှကို လှစ်ဟထားပြန်ပါတယ်။

play

 

မိတ်ကပ်ခပ်ပါးပါး လိမ်းထားတဲ့ ကလေးနှစ်ယောက်မိခင် ကင်မ်ဟာ သူမရဲ့ လှိုင်းတွန့်ဆံနွယ်လေးတွေကို ကပိုကရိုချပြီး ဖြေဖနောင့်ထိရောက်တဲ့ ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားပုံက ဆက်စီကျသလို ကျက်သရေလည်း ရှိနေပြန်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ