International Celebrity: ညဘက်အတူတွဲထွက်ခဲ့ကြတဲ့ ရီဟားနားနဲ့ ဒရိတ်ခ်

ရီဟားနားကို ချစ်နေကြောင်း ဒရိတ်ခ်က ဝန်ခံခဲ့ပြီးတဲ့နောက် နှစ်ယောက်တွဲတွေ့ရတာပါ။

play

 

MTV VMAs ဆုပေးပွဲညမှာ ရီဟားနားကို ချစ်နေတာ ကြာပြီဖြစ်ကြောင်း ဒရိတ်ခ်က ဝန်ခံခဲ့ပြီးနောက်တစ်နေ့ညမှာပဲ သူတို့နှစ်ယောက် ဒိတ်လုပ်ခဲ့ကြပါတယ်။

ချစ်သူတွေလို့ နှစ်ယောက်စလုံးက တရားဝင်ကြေညာခြင်းမရှိသေးပေမဲ့ ဆက်ဆံရေးကတော့ အတော်လေး တိုးတက်လာပုံပါပဲ။

play

 

အသက် ၂၈ နှစ်အရွယ် ရီဟားနားနဲ့ အသက် ၂၉ နှစ်အရွယ် ဒရိတ်ခ်တို့ကို နယူးယော့ခ်က Nobu စားသောက်ဆိုင်မှာ သြဂုတ်လ ၂၉ ရက်က ညစာအတူစားခဲ့ကြပြီး ကားတစ်စီးထဲကို အတူဝင်သွားတာကို မြင်တွေ့လိုက်ရပါတယ်။

play

 

ရီဟားနားဟာ အဖြူရောင်ဝတ်စုံတိုလေးကို အညိုရောင်လယ်သာခါးပတ်လေးနဲ့ တွဲဖက်ဝတ်ဆင်လို့ ချစ်စရာကောင်းနေခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ