International Celebrity: ခပ်ကြမ်းကြမ်း ပြကွက်တွေ ပါနေလို့ အတွင်းခံကြော်ငြာ အပိတ်ခံရ

, updated

ကြော်ငြာရိုက်ချက်တွေဟာ အများပြည်သူလူမြင်ကွင်းမှာ မပြသင့်ဘူးလို့ ဝေဖန်ကြပါတယ်။

play

 

အမျိုးသမီးဝတ် အတွင်းခံတွေ ထုတ်လုပ်တဲ့ သြစတြေးလျ အတွင်းခံကုမ္ပဏီတစ်ခုရဲ့ ကြော်ငြာဟာ လူအများကြည့်ရှုဖို့ မသင့်တော်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတာကြောင့် လူမြင်ကွင်းမှာ ကြေငြာဖို့ တားမြစ်ပိတ်ပင်ခံလိုက်ရပါတယ်။

play

 

၂၀၁၁ ခုနှစ်မှာ Australia's Next Top Model ဆုရရှိခဲ့တဲ့ မော်ဒယ်ဆိုင်မွန်ဟို့ဇ်နေဂျယ်နဲ့ ရိုက်ကူးခဲ့တဲ့ ဒီကြော်ငြာဟာ အပြာကားဆန်ဆန် ရိုက်ချက်တွေ ပါဝင်နေလို့ ဆိုပြီး လူအများက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ အတွင်းခံ ထုတ်လုပ်တဲ့ Bra N Things  ကုမ္ပဏီဘက်က ဒါကို မကျေမနပ် ဖြစ်နေခဲ့ပေမဲ့ လူအများ ဝေဖန်မှုတွေရှိနေတာကြောင့် ကြော်ငြာကုမ္ပဏီဘက်ကလည်း ကြော်ငြာကို မထုတ်လွှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကြော်ငြာကို လူမြင်ကွင်းမှာ ထားရှိတဲ့အခါ ခပ်ကြမ်းကြမ်း ရိုက်ချက်တွေကြောင့် ကလေးသူငယ်တွေ ကြည့်ရှုမိမှာဖြစ်တယ်ဆိုတဲ့ အချက်ကို အဓိက ထောက်ပြကြတာဖြစ်ပါတယ်။ မော်ဒယ် ဆိုင်မွန်ဘက်ကလည်း ဒါကိုမကျေမနပ်ဖြစ်နေပြီး လူမှုကွန်ရက်မှာ ပြန်လည် ချေပထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ