International Celebrity: ဒေါ်လာနှစ်သိန်းခွဲအာမခံနဲ့ ပြန်လွတ်လာတဲ့ ခရစ္စဘရောင်း

, updated

စက်တင်ဘာ ၂၀ ရက်မှာတော့ ရုံးတော်ကို ပြန်လည်သွားရောက်ပြီး အမှုပြီးပြတ်အောင် ရင်ဆိုင်ရပါဦးမယ်။

play

 

သေနတ်ထုတ်ခြိမ်းခြောက်တယ်လို့ အမျိုးသမီးတစ်ဦးက တိုင်ကြားခဲ့တာကြောင့် စစ်ဆေးခံခဲ့ရတဲ့ ခရစ္စဘရောင်းဟာ အာမခံကြေး ဒေါ်လာ နှစ်သိန်းခွဲနဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ အင်္ဂါမနက်အစောပိုင်းက လော့စ်အန်ဂျလိစ်ရှိ ခရစ္စဘရောင်းရဲ့အိမ်ကိုရောက်နေတဲ့ မော်ဒယ်က အရေးပေါ်ဖုန်းနံပါတ် ၉၁၁ ကို ဖုန်းဆက်ခဲ့တာဖြစ်ပါတယ်။

play

 

မော်ဒယ် ဘေလီ ကာရန်က သူမနဲ့ခရစ္စဘရောင်းမှာ အလုပ်ကိစ္စပြောစရာရှိလို့ ခရစ္စဘရောင်းရဲ့အိမ်ကို ရောက်နေခဲ့တာဖြစ်ပြီး ခရစ္စဘရောင်းက သူမကိုသေနတ်ထုတ် ခြိမ်းခြောက်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ ရဲတွေက ခရစ္စဘရောင်းရဲ့အိမ်အနီးရှာဖွေရာမှာ လွှင့်ပစ်ထားတဲ့ သေနတ်ကိုလည်း တွေ့ခဲ့တာကြောင့် လော့စ်အန်ဂျလိစ်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။

play

 

ခရစ္စဘရောင်းကို အာမခံကြေး ဒေါ်လာ နှစ်သိန်းခွဲနဲ့ အင်္ဂါည ၁၁ နာရီမှာ ပြန်လွတ်လာတယ်လို့ ဘရောင်းရဲ့ရှေ့နေက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၂၀ ရက်မှာတော့ ရုံးတော်ကို ပြန်လည်သွားရောက်ပြီး အမှုပြီးပြတ်အောင် ရင်ဆိုင်ရဦးမယ်လို့လည်း သိရပါတယ်။

Source : Extra, People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ