International Celebrity: အနမ်းခြွေခန်းမှာ အိပ်ပျော်သွားတဲ့ ကင်ဆူဂီ

သုံးညဆက်တိုက် အိပ်ရေးပျက်နေခဲ့တာ။ အရမ်းငိုက်ပြီးချမ်းနေရာကနေ အိပ်ပျော်သွားရောလေ..

play

 

ကင်ဆူဂီနဲ့ B2TS အဖွဲ့သား ဒူဂျွန်းတို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Splash Splash Love ဇာတ်ကားမှာ ဒူဂျွန်းကအနမ်းပေးစဉ် ဆူဂီက အိပ်ပျော်သွားခဲ့တာပါ။

play

 

" ကျွန်မက ကြမ်းပေါ်မှာလဲလျောင်းနေတုန်း အစ်ကိုဒူဂျွန်းက ကျွန်မကို အပေါ်ကနေ နှုတ်ခမ်းချင်းထိပြီးနမ်းတော့ အိပ်ပျော်သွားတာလေ။ ညက အိပ်ရေးမဝတော့ ဖြစ်သွားတာ။ Splash Splash Love နဲ့ Take Off 2 ဇာတ်ကားတွေရိုက်တော့ သုံးညဆက်တိုက် အိပ်ရေးပျက်နေခဲ့တာ။ အရမ်းငိုက်ပြီးချမ်းနေရာကနေ အိပ်ပျော်သွားတာ။ ကျွန်မသူ့ကို ချက်ချင်းပဲတောင်းပန်ခဲ့ပါတယ်" လို့ ဆူဂီက ပြောပါတယ်။

play

 

ဒူဂျွန်းကို စကားပြန်မပြောတော့မှပဲ ဆူဂီအိပ်ပျော်နေမှန်း ရိုက်ကူးရေးအဖွဲ့သားတွေ သိခဲ့ကြရပါတယ်။ သူမခမျာ အားလည်းနာ ရှက်လည်းရှက်ပြီး အကုန်လုံးကိုလိုက်တောင်းပန်ခဲ့ရတယ်လို့ ကင်ဆူဂီက ရေဒီယိုအသံလွှင့်အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ