International Celebrity: ဂျက်စတင်ဘီဘာ ဂင်းနစ်စံချိန် ၈ ခု ရရှိ

ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများစာအုပ် ၂၀၁၇ ကို စက်တင်ဘာ ၈ ရက်မှာ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။

play

 

အသက် ၂၂ နှစ်ရှိ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာကို ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က စံချိန် ၈ ခု ပေးအပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထုတ်မယ့် ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာလည်း ဂျက်စတင်ဘီဘာကို ထည့်သွင်းဖော်ပြသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာဟာ နောက်ဆုံးထွက်အယ်လ်ဘမ် Purpose နဲ့ စံချိန်အများစုကို ရရှိသွားတာဖြစ်ပါတယ်။

play

 

ဂျက်စတင်ဘီဘာရရှိသွားသော စံချိန် (၈) ခု

၁။ Spotify တွင် တစ်ပတ်အတွင်း ကြိမ်ရေအများဆုံး ထုတ်လွှင့်ခြင်းခံရဆုံးသီချင်း (What Do You Mean? - ၃၀,၇၂၃,၇၀၈ ကြိမ်)

၂။ Spotify တွင် တစ်ပတ်အတွင်း ကြိမ်ရေအများဆုံး ထုတ်လွှင့်ခြင်းခံရဆုံးအယ်လ်ဘမ် (Purpose - အကြိမ်ပေါင်း ၂၀၅ သန်း )

၃။ US singles chart မှာ သီချင်းပုဒ်အများဆုံး ပါဝင်မှု ( ၁၇ ပုဒ်)

၎။ Billboard 100 မှာ အဆိုတော်တစ်ဦးတည်းက အများဆုံးပါဝင်မှု ( ၁၃ ပုဒ်)

၅။ UK sigles chart ရဲ့ ထိပ်ဆုံးမှာ သီချင်းသုံးပုဒ်ဆက်တိုက် ရပ်တည်နိုင်မှု (Love Yourself, Sorry, What Do You Mean?)

၆။ တွစ်တာမှာ follower အများဆုံးအမျိုးသား ( ၈၅.၂ သန်း အထက်)

၇။ YouTube ရဲ့ ကြည့်ရှုခံရသူအများဆုံး တစ်ကိုယ်တော်ချန်နယ် (ဂျက်စတင်ဘီဘာရဲ့ VEVO ရှိ ဗီဒီယို ၁၂၀ ခုကို အကြိမ်ပေါင်း ၁၀,၄၇၈,၆၅၁,၃၈၉  ကြည့်ရှုခြင်းခံခဲ့ရပါတယ်)

၈။ YouTube မှာ subscriber အများဆုံး အမျိုးသားဂီတပညာရှင် ( Subscriber ၂၀,၇၁၁,၂၀၂ ဦး)

Source : Guinness World Records

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ