Fifty Shades ဇာတ်ကားတွေနဲ့ လူသိများခဲ့ရခဲ့ သရုပ်ဆောင် ဂျေမီဒေါ်နမ်က နောင်ရိုက်ကူးမယ့်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ခုလိုပြောကြားသွားပါတယ်။
" ကျွန်တော့်မှာ ခုဆို ကလေးနှစ်ယောက်တောင်ရှိလာပြီဆိုတာ သတိထားမိပါတယ်။ ကလေးတွေကြည့်လို့ရမယ့် ဇာတ်ကားတွေလည်း ရိုက်ချင်ပါတယ်။ ပိတ်ကားပေါ်မှာ ပီပြင်ဖို့ကလွဲရင် ဆိုးနေသလား အန္တရာယ်ရှိတဲ့ပုံပေါက်နေသလားဆိုတာတောင် ကျွန်တော့်ကိုယ်ကျွန်တော် မစဉ်းစားမိခဲ့ဘူး။ ကလေးတွေကိုပြလို့ရနိုင်မယ့်ဟာတွေလည်း ရိုက်ချင်ပါသေးတယ်ဗျာ" လို့ ဂျေမီဒေါ်နမ်က ဆိုပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဂျေမီဒေါ်နမ်က အင်္ဂလိပ်အဆိုတော် အေမီလီယာဝါနာနဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ရင်သွေးနှစ်ဦး ဖွားမြင်ထားပါတယ်။ ဂျေမီဒေါ်နမ် ပါဝင်သရုပ်ဆောင်ထားတဲ့ Anthropoid သည်းထိတ်ရင်ဖိုဇာတ်ကားကိုတော့ သြဂုတ်လအတွင်း အမေရိကမှာ စတင်ပြသနေပါတယ်။
Source : ET