International Celebrity: ပျော့ပျောင်းတဲ့ကိုယ်ခန္ဓာပိုင်ရှင် မိုင်လေဆိုင်းရပ်စ်

ယောဂကို သေသေချာချာလေ့ကျင့်နေဟန်တူပါတယ်။

play

 

မိုင်လေဆိုင်းရပ်စ် အင်စတာဂရမ်ပေါ်မှာ တင်လိုက်တဲ့ပုံတစ်ပုံက သူမရဲ့ပျော့ပျောင်းတဲ့ခန္ဓာကိုယ်ကို ပြသထားတဲ့ပုံပါ။ ယောဂကျင့်တဲ့ဖျာလေးပေါ်မှာ သူမက ခန္ဓာကိုယ်ကိုကွေးညွှတ်ပြထားတာဖြစ်ပါတယ်။

play

 

ခြေထောက်နှစ်ချောင်းကို ရှေ့ဘက်ကိုဆန့်ထုတ်ထားပြီး ရင်ဘတ်က ကြမ်းပြင်နဲ့ထိစပ်နေအောင် ကပ်ပြထားပါတယ်။ လက်နှစ်ချောင်းကိုလည်း နောက်ဘက်ကို ပြားကပ်နေအောင်ဆန့်ထုတ်ဖို့ဆိုတာ တော်ရုံပျော့ပျောင်းမှုနဲ့တော့ မရပါဘူး။

play

 

အင်္ဂါနေ့ကလည်း ယောဂကျင့်တဲ့ကိုယ်ဟန်အမျိုးမျိုး ပါဝင်တဲ့ မတ်ခွက်လေးနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

play

မိုင်လေဟာ ကိုယ်တိုင်က အနုပညာအလုပ်တွေ မလုပ်ဖြစ်ပေမဲ့ The Voice သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ်နဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။

Source : Mileycyrus Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ