International Celebrity: တစ်ခေါင်းလုံးဖြူနေတဲ့ ထောင်သားကြီး ဒန်နီရယ်ကရစ်ခ်ျ

လက်နှစ်ဖက်မှာလည်း တက်တူးတွေထိုးထားပါသေးတယ်။

play

 

ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နဲ့ ခန့်ညားသပ်ရပ်စွာမြင်ခဲ့ရတဲ့ ဒန်နီရယ်ကရစ်ခ်ျကို ဆံပင်တွေတစ်ခေါင်းလုံးဖြူနေတဲ့ ထောင်သားတစ်ဦးနဲ့ မြင်နေရပါတယ်။ ယခင်မြင်နေကျပုံစံမဟုတ်တော့တဲ့အတွက်လည်း မှတ်မိဖို့ ခဲယဉ်းပါတယ်။

play

 

တနင်္ဂနွေနေ့က အတ္တလန်တာမှာ ရိုက်ကူးရေးလုပ်နေတဲ့ ဒန်နီရယ်ကရစ်ခ်ျဟာ ခပ်ဆိုးဆိုးထောင်သားတစ်ဦးအသွင်နဲ့ သရုပ်ဆောင်နေတာဖြစ်ပါတယ်။ တီရှပ်အဖြူကို ထောင်သားတွေဝတ်တဲ့ အနက်နဲ့အဖြူကန့်လန့်စင်း ဘောင်းဘီပွကြီးနဲ့ တွဲဝတ်ထားတာတွေ့ရပါတယ်။ လက်နှစ်ဖက်မှာလည်း တက်တူးတွေထိုးထားပါသေးတယ်။ ဒါတွေကတော့ ရိုက်ကူးရေးကြောင့် ယာယီထိုးထားတဲ့တက်တူးတွေလို့ ယူဆရပါတယ်။

play

 

ရိုက်ကွင်းပေါ်မှာ အဲလ်ဗစ်ပရက်စလေရဲ့မြေးမလေး ရီလေးကီအော့ခ်ျကိုလည်း ခပ်ဟော့ဟော့ဒီဇိုင်းနဲ့ မြင်ခဲ့ရပါသေးတယ်။

Soruce : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ